“လူ့အခွင့်အရေးဆုံးရှုံးမှု အပါအဝင် နိုင်ငံတော်မှာ တရားမျှတမှု မရှိသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနေ့ ဆက်ဖြစ်နေမှာပဲဆိုတာ မှတ်မှတ်ရရ ပြောချင်ပါတယ်” PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်

“လူ့အခွင့်အရေးဆုံးရှုံးမှု အပါအဝင် နိုင်ငံတော်မှာ တရားမျှတမှု မရှိသေးသ၍ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနေ့ ဆက်ဖြစ်နေမှာပဲဆိုတာ မှတ်မှတ်ရရ ပြောချင်ပါတယ်” PDF တည်ထောင်ခြင်း တစ်နှစ်ပြည့်

အမျိုးသားညီညွတ်ရေးအစိုးရကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့တာ ဒီကနေ့မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပြိုကွဲနေတဲ့ စစ်ကောင်စီတပ်ကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ မေလ (၅) ရက်နေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်မိန့်ခွန်းမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသွားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရကို အတင်းအဓမ္မဖယ်ရှားပြီး ပြည်သူ့အာဏာကို မြန်မာစစ်တပ်က လုယူခဲ့ပါတယ်။အာဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးကလည်း မြန်မာစစ်တပ်ရဲ့ မတရားမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ အဆုံးစွန်ထိ ဖိနှိပ်ရက်စက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ လုံလောက်မှုမရှိဘူးဆိုတဲ့ အတွေးတွေဝင်လာပြီး လက်နက်စွဲကိုင်တော်လှန်ရတဲ့အထိ ဖြစ်လာခဲ့ရတဲ့အကြောင်းကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းက အခုလိုပြန်ပြောင်းပြောပြပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ပြည်သူလူထုက ချက်ချင်းလက်နက်ကိုင်ပြီးမှ တော်လှန်ခဲ့ကြတာ မဟုတ်ဘူး ။ ဒီအကြမ်းမဖက်တဲ့နည်းပေါ့နော်။ ဆန္ဒပြတယ် သပိတ်မှောက်တယ် CDM လှုပ်ရှားမှုမှာပါဝင်တယ်။ ဒီနည်းနဲ့ကျနော်တို့က အရင်ဆုံးဆန့်ကျင်တော်လှန်ခဲ့ကြတာဖြစ်တယ် ။ အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုထဲနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ရာမှာ လုံလောက်မှုမရှိသေးဘူးလို့ ကျနော်တို့ ယူဆလာကြတယ် ။ အဲ့ဒီနောက်ပိုင်းမှာ ပြည်သူလူထုက လက်နက်စွဲကိုင်လာကြတယ်ပေါ့နော် ။ အဲ့ဒီမှာ ပြောစရာရှိတာက ပြည်သူ့ကာကွယ်ရေး တပ်မတော်တည်ထောင်တာက မေလ ၅ရက်နေ့ဆို  တစ်နှစ်ပြည့်ပြီပေါ့နော် ဒီလိုအချိန်မှာတည်ထောင်ခဲ့တယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ လက်နက်စွဲကိုင်တော်လှန်မှုကကြတော့ မနှစ်က ဒီလိုမဖွဲ့စည်းခင် အချိန်ကတည်းကပေါ့နော် “လို့ ကိုအောင်ဟိန်းမင်း ဆိုပါတယ်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...