မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်တည်ဆောက်မည် တန်ဖိုးနည်း အိမ်ယာတစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀၀ အောက်စျေးဖြင့် ရောင်းချပေးမည်

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်တည်ဆောက်မည် တန်ဖိုးနည်း အိမ်ယာတစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀၀ အောက်စျေးဖြင့် ရောင်းချပေးမည်
by -
နဒီ/ သံလွင်တိုင်းမ်
ယခင်ပြည်နယ်အစိုးရမှဆောက်လုပ်ထားသော သီရိမင်္ဂလာတန်ဖိုးနည်းအိမ်ယာများကို မြင်တွေ့ရစဉ်
ယခင်ပြည်နယ်အစိုးရမှဆောက်လုပ်ထားသော သီရိမင်္ဂလာတန်ဖိုးနည်းအိမ်ယာများကို မြင်တွေ့ရစဉ်
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပထမဆုံး ဦးဆောင်တည်ဆောက်ပေးမည် တန်ဖိုးနည်းအိမ်ယာတစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀၀ အောက်စျေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးမှ သတင်းရရှိသည်။

ထိုအိမ်ယာ စီမံကိန်းကို မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာ ကွင်အမှတ် (၄၂၀) မြေဧရိယာ ၂၁ ဒသမ ၂၆ ဧကပေါ်တွင် ပြည်နယ်ရံပုံငွေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး တန်ဖိုးနည်းအိမ်ယာတွင် ၁၆ ခန်းပါ ၄ ထပ်တိုက် ၁၆ လုံးတည်ဆောက်မည်ဖြစ်ပြီး အခန်းပေါင်း ၂၅၆ ခန်း ပါ၀င်မည်ဖြစ်သည်။

“ တန်ဖိုးနည်းအိမ်ယာ ရောင်းချဖို့ စျေးနှုန်းကတော့ အကြမ်းမျဉ်းကတော့ ရှိတယ်။ ကျိန်းသေကတော့ နှစ်ရာ မကျော်ဘူးပေါ့။ ကျွန်တော်တို့ မှန်းထားကတော့ ငွေကျပ် ၁၀၀ နဲ့ ၁၅၀ ကျော်လောက်မှန်ထားတယ်။ ဒါပေမယ့် တင်ဒါပေးတဲ့အခါကျရင် ဘယ်လောက်ဆောက်နိုင် မဆောက်နိုင်ရှိသေးတော့ အတိအကျ မပြောနိုင်သေးဘူး။ သိန်းနှစ်ရာ အောက်လောက်ပဲရှိမယ်။ အဓိကက ပြည်သူတွေအတွက်ဘဲ။“ ဟု စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီးပါက ပြည်သူများကို ရောင်းချမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလည်း ရောင်းချမှု မပြုမှီကာလအတွင်းမှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ဆိုသည်။

“အိမ်ယာဆောက်ဖို့ အမြန်ဆုံ တင်ဒါခေါ်ယူမယ်။ တင်ဒါခေါ်ယူဖို့အတွက် ကော်မတီတွေ အရင်ဖွဲ့နိုင်အောင် စီစဉ်နေတယ်။“ ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ယခုတန်ဖိုးနည်း အိမ်ရာတည်ဆောက်မည် စီမံကိန်းသည် အစိုးရသစ်လက်ထပ်တွင် ပထမဆုံးတည်ဆောက်ပေးမည် စီမံကိန်းတစ်ခုဖြစ်ပြီး မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာအုပ်စု ကွင်းအမှတ် (၅၉၇၊ ၁၂၀၉ )တွင် ထိုအိမ်ရာ တည်ဆောက်ရန်ယာထားသော်လည်း စျေးကွက်တွင် ပြန်လည်ရောင်းချရန် အခက်ခဲ ရှိသဖြင့် ကြာအင်းကျေးရွာတွင် ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ အဆင့်မီတန်ဖိုးနည်းသည့် အိမ်ရာစီမံကိန်းများ တည်ဆောက်၍ ပြန်လည်ရောင်းချပေးနိုင်ရန် ၂၀၁၇-၁၈ ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းရေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့ ဥပဒေအမှတ် (၂) ဖြင့် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။
ယခင်အစိုးရလက်ထပ်က မော်လမြိုင်မြို့တွင် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာကို တည်ဆောက်ပေးခဲ့ပြီး အခန်းတစ်ခန်းလျှင် ငွေကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိ ရောင်းချပေးခဲ့သည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...