မဂွေဇ- ခေါင်လန်ဖူး လမ်းတစ်လျှောက် မြေပြိုနေခြင်းကြောင့် သွား/လာရေး အခဲ

မဂွေဇ- ခေါင်လန်ဖူး လမ်းတစ်လျှောက် မြေပြိုနေခြင်းကြောင့် သွား/လာရေး အခဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ အထက်ဘက်ရှိ မ‌ဂွေဇ-ခေါင်လန်ဖူးနှင့် ပန်နန်းဒင် သွားလမ်းတစ်လျှောက် နေရာ အများအပြားတွင် မြေပြိုမှုများ ရှိနေ‌သောကြောင့် ပြည်သူများ သွားလာရေးအတွက် အခက်အခဲ ကြုံ‌တွေ့နေရကြောင်း သိရသည်။

ရေခဲတောင်ရှိရာ အရပ်များတွင် မိုးများနေ သောကြောင့် ရေတက်မှု ဖြစ်လာပြီး တစ်ဆက်တည်းမှာပင် ဧပြီလ ဒုတိယအပတ်မှ စပြီး မြေပြိုမှုများ ဖြစ်လာ၍ ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ပူတာအို ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောပါသည်။

“ဟုတ်တယ်။ မြေပြိုတာ ကြားတယ်။ ကားလမ်း သွားလို့ရတဲ့ နေရာကနေတော့ သွားနေကြပါတယ်။ မိုးများလို့ရေ၊ ရေခဲတောင်ဘက်မှာလည်း မိုးများတော့ ရေတွေတက်လာတယ်။ ပန်နန်းဒင် အထက်ဘက်မှာရော တော်တော်များများ မြေပြိုတယ်။ပစ္စည်း ပို့ဆောင်တာတွေ အခက်အခဲ ရှိတာပေါ့”လို့ သူက ဆိုပါတယ်။

လက်ရှိ ပူတာအိုမှ ခေါင်လန်ဖူး သွားလမ်းတစ်နေရာတွင် ကမ်းပါးပြိုကျထားခြင်းကြောင့် ခရီးသွားလာရေး နှောင့်နှေးနေရကြောင်း အခြား ဒေသခံတစ်ဦးက ပြောသည်။

” (၁၀)ရက်ကျော်လောက်တော့ ရှိပြီ။ လမ်းက ကျောက်ချောလမ်းပဲ ရှိသေးတယ်။ ကမ်းပါးပြိုတော့ အဲဒီလို ဖြစ်သွားတာ။ ဆိုင်ကယ်တွေလည်း ထမ်း၊ တွန်းပြီး ဖြတ်ရတယ်။ အခုက တော်တော် ခက်သွားတာပေါ့။ ခေါင်လန်ဖူးသွားလမ်းမှာ ဟုတ်တယ်”ဟု ၎င်းက ဆိုသည်။

ပန်နန်းဒင်၊ ခေါင်လန်ဖူး အစရှိသည့် နေရာများသည် ဝေးလံ ခေါင်ပါး‌သောနေရာဒေသများ ဖြစ်၍ ယခုကဲ့သို့ သွားလမ်း ပျက်စီးနေပါက ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြုံ‌တွေ့ လာနိုင်သည်ကို စိုးရိမ်နေကြသည်။

လက်ရှိမြေပြိုထားသော နေရာများကို အမြန်ဆုံး ဖြေရှင်းပေးရန်လည်း ဒေသခံပြည်သူများ လိုလား နေကြသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...