ပူတာအိုတွင် ခိုးကိုရာမဲ့သူများအတွက် ဂေဟာ ဆောက်လုပ်ပေးနေ

ပူတာအိုတွင် ခိုးကိုရာမဲ့သူများအတွက် ဂေဟာ ဆောက်လုပ်ပေးနေ

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊ မန်ဇေအုပ်စု အလက်ဒမ်ကျေးရွာတွင် အခက်အခဲဖြစ်နေသူများအတွက် ဂေဟာ ဆောက်လုပ်နေကြောင်း ပန်းဥယျာဉ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးဒီးတန်ဆီမှ သိရသည်။

ခိုကိုးရာမဲ့ ဘိုးဘွားများ၊ မိဘမဲ့ ကလေးသူငယ်များ နှင့် အခက်အခဲဖြစ်နေသူများ လာရောက် တည်းခိုနိုင်မည် ဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ် နှင့် မချမ်းဘောမြို့နယ်တွင်း ပန်းဥယျာဉ် လူမှုကူညီရေးအသင်းမှ ကူညီစောင့်ရှောက်ပေးနေသည့် ဘိုးဘွား (၆၀) ခန့်ရှိကြောင်း ဦးဒီးတန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အရင်တုန်းကတော့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို လစဉ်ပံ့ပိုးနိုင်တယ်။ အခု ဝန်ထမ်းတွေ တစ်ချို့ အားနည်းသွာတော့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို နယ်လှည့် ကွင်းဆင်းပြီးတော့မှ စောင့်ရှောက်တာ လုပ်တော့ ပုံမှန်လုပ်တယ်။ ဒါပေမဲ့ အရင်တုန်းကလို မလုပ်နိုင်တော့ဘူး။ အားနည်းသွားပြီ။ အဲ့တော့ ဂေဟာခြံကိုပဲ ဦးစားပေးလုပ်နေကြပါတယ်။ ” ဟု ဦးဒီးတန်က ဆိုသည်။

ဂေဟာ၏ စားရေးသောက်ရေးနှင့်ပက်သက်ပြီး ဂေဟာထွက် ပစ္စည်းများကိုသာ အဓိကထား အသုံးပြုရန် စပါးစိုက်ပျိုးခြင်း၊ အသီးအနှံစိုက်ပျိုးခြင်းများ ပြုလုပ်နေပြီး ကျန်းမာရေးနှင့် ပက်သက်၍လည်း အခြေခံဆေးဝါး ကျွမ်းကျင်သည့် ပရဟိတ လူငယ်များ ကြည့်ရှု့စောင့်ရှောက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂေဟာဆောင် တစ်ဆောင် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သော်လည်း လာရောက်နေထိုင်ရန် မီးအဆင်မပြေမှုများ ရှိနေသောကြောင့် ဆိုလာမီးသီးများကို အကူအညီပေးစေချင်ကြောင်းကိုလည်း ဦးဒီးတန်ကဆိုသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...