CDM စစ်သားတစ်ဦးကို ငွေကြေးထောက်ပံ့သည့်စွဲချက်ဖြင့် တောင်ကုတ်မှ ဆရာမဒေါ်ချယ်ရီသက်ရှည် ထောင် ၁၀ နှစ်ချမှတ်ခံရ

CDM စစ်သားတစ်ဦးကို ငွေကြေးထောက်ပံ့သည့်စွဲချက်ဖြင့် တောင်ကုတ်မှ ဆရာမဒေါ်ချယ်ရီသက်ရှည် ထောင် ၁၀ နှစ်ချမှတ်ခံရ

CMD ပြုလုပ်ပြီး PDF ကို သင်တန်းပေးပြီးပြန်လာသည့် စစ်သားတစ်ဦးကို  ငွေကြေး ကျပ်တစ်သောင်း ထောက်ပံ့သည်ဟုဆိုကာ တောင်ကုတ်မြို့မှ CDM ဝင်နေသည့် ဆရာမဒေါ်ချယ်ရီသက်ရှည်အား ယမန်နေ့ ဧပြီ ၂၈ ရက်က သံတွဲခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက “ ထောင် ၁၀ နှစ်ချလိုက်ပါတယ်။ အယူခံ ဆက်တက်ပေးမယ်လို့တော့ ပြောထားတယ်။ သူကပိုက်ဆံတွေဘာတွေ ငွေကြေးလည်းမတတ်နိုင်ဘူး” ဟုပြောသည်။

ထောင်ဒဏ်ချခံလိုက်ရသူ အသက် ၄၀ အရွယ် အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်သည်  တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင် နေထိုင်ပြီး သူမကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့နှင့် စရဖတို့က သူမ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

CMD ပြုလုပ်ထားပြီး PDF ကို သင်တန်းပေးပြီး ပြန်လာသည့်စစ်သား တစ်ဦးအား K payမှ ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တောင်ကုတ် စစ်တပ်တပ်ရင်းတစ်ခုမှ သူမအားအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်ချယ်ရီသက်ရှည်အား သံတွဲအကျဉ်းထောင်ချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သူမသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ CDM လုပ်နေသူ ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်တွင် PDFကို ထောက်ပံ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း  မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ ရခိုင်လူငယ်စာရေးဆရာမင်းဒီပါကို မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှု ပုဒ်မ ၅၀(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ထားပြီး သံတွဲမြို့က အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိသူကျော်နှင့်  အသက် ၅၀ အရွယ် ဒေါ်စန်းချိုသိုက်တို့ကိုလည်း သံတွဲခရိုင် တရားရုံးက  အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၅(ည)ဖြင့် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့တွင်  ထောင်ဒဏ် (၁၀) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...