စစ်ကောင်စီ၏ ကံဆီးဗျူဟာကုန်းမှ KIA တပ်စခန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်

စစ်ကောင်စီ၏ ကံဆီးဗျူဟာကုန်းမှ KIA တပ်စခန်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကံဆီးစစ်ကောင်စီတပ် ဗျူဟာကုန်းမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာဘက်သို့ ယနေ့နံနက် (၅) နာရီခွဲဝန်းကျင်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

(၈)မိုင်ဝန်းကျင် ဝေးသည့် KIAတပ်စခန်းဘက်သို့ စစ်ကောင်စီတပ်သားမှ လက်နက်ကြီး(၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကံဆီးဗျူဟာကုန်းကနေ KIAတပ်မဟာ(၉)ဘက် ပစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ပေးတာ။ နည်းနည်း ကြာတယ်။ (၈)မိုင်လောက် ဝေးတယ်။ ဒါပေမဲ့ လက်နက်ကြီးတော့ ရောက်နိုင်တာပေါ့။ နားလိုက် ပစ်လိုက်ဟုတ်တယ်။ (၁၀)ချက်ထက် မနည်းဘူး။ အခုတော့ မကြားရတော့ဘူး။ နာရီဝက်လောက်တော့ ကြာမယ်” ဟု ၎င်းက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA တပ်စခန်းနှင့် နီးစပ်သူအား မေးမြန်းရာတွင် စစ်ကောင်စီတပ်ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ အတည်ပြု ပြောဆိုသည်။

“ ဒီမနက် အစောပိုင်း(၅)ခေါက်လောက် အရင်မြည်တယ်။ အားလုံး ပေါင်းရင်တော့(၁၂)ချက်လောက် ရှိမယ်။” ဟုဆိုသည်။

ယနေ့မနက်ပိုင်းတွင် မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသက စစ်ကောင်စီလက်အောက်ခံ ချောင်းဝပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...