AA ထံ စစ်ပညာသွားသင်သည့် ချင်း(CDF-Mindat)ရဲဘော်များ လက်နက်အပြည့်အစုံဖြင့် နေရပ်ကိုပြန်ရောက်လာကြောင်း သတင်းထုတ်ပြန်

AA ထံ စစ်ပညာသွားသင်သည့် ချင်း(CDF-Mindat)ရဲဘော်များ လက်နက်အပြည့်အစုံဖြင့် နေရပ်ကိုပြန်ရောက်လာကြောင်း သတင်းထုတ်ပြန်

ရက္ခိုင့်တပ်တော် ( AA) ထံ စစ်ပညာသင်ကြားပြီးနောက် ချင်းကာကွယ်ရေး တပ်ဖွဲ့ -မင်းတပ်မြို့နယ် (CDF-Mindat)  အဖွဲ့ဝင်များသည် မိမိဒေသကို လက်နက်အပြည့်အစုံဖြင့် ပြန်လည် ရောက်ရှိ လာခဲ့သည်ဟု ၎င်းအဖွဲ့က ယနေ့ ဧပြီ ၂၆ ရက်နေ့စွဲဖြင့်  ဗီဒီယို ရုပ်သံဖိုင်တစ်ခုကို ထုတ်ပြန်သည်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခြင်းကြောင့် စစ်ပညာအားနည်း‌နေသေးသဖြင့်  CDF - Mindat အနေဖြင့် AA ဘက်ကို စစ်ပညာသင်ယူဖို့ စွန့်စားခဲ့ရကြောင်း၊  ယခင်ကာလတွင် စစ်ပညာသင်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ ၊ နေရာ ပေါင်းစုံ သွားရောက်ခဲ့ကြကြောင်း၊ စစ်ပညာသင်ယူဖို့ စေလွှတ်ခဲ့သည့် ရဲဘော် အယောက် ၃၀ တွင် နောက်ဆုံးအသုတ် ပြန်လာသည့် ရဲဘော် ၁၅ ယောက်မှ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြန်လည်ရောက်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့ ထုတ်လွင့်ခဲ့သည့် ရုပ်သံမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က သင်တန်းဆင်းလာသည့် မှတ်တမ်းဖိုင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) သည်  CDF - Mindat ကိုသာမက ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ကိုလည်း စစ်ရေးအကူအညီများထောက်ပံ့ပေးထားကြောင်း သိရှိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...