ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာ တပ်ကို တိုက်ခိုက်ရင် တုံ့ပြန်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာ တပ်ကို တိုက်ခိုက်ရင် တုံ့ပြန်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်တွေ့မယ်လို့ ဖိတ်ခေါ်ပြောဆိုလိုက်ပြီး အဲ့ကာလမှ တပ်ရဲ့ ဌာနချုပ် ၊ တပ်စခန်းတွေကို တိုက်ခိုက်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့ညကထုတ်ပြန်ပါတယ်။

စစ်တပ်ဘက်က ၂၀၂၂ ခုနှစ်ကုန်ပိုင်းထိ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲထားပြီး  ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့လည်း ဆိုပါတယ်။

ဒီလိုငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်တာကြောင့် လက်တွေ့ကျကျ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို မနေ့က ဖိတ်ခေါ်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဖိတ်ခေါ်ထားတဲ့ ကာလနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  အင်အားစုဆောင်းတာ ၊နယ်မြေချဲ့ထွင်တာ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်တွေကို တိုက်ခိုက်တာတွေကို လုပ်ရင် တုံ့ပြန်အရေးယူသွားမယ်လို့ အသိပေးစာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာမယ့် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ စာရင်းကို ပေးပို့ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြောဆိုထားပါတယ်။

စစ်ကောင်စီက ဒီနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖေဖော်ဝါရီလကတစ်ကြိမ်ကမ်းလှမ်းမှုတွေရှိခဲ့ပြီး အခုက ဒုတိယတစ်ကြိမ်လည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...