ချောင်းဝကျေးရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား မြို့လှ PDF စောင့်ကြိုပစ်ခတ်

ချောင်းဝကျေးရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား မြို့လှ PDF စောင့်ကြိုပစ်ခတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ချောင်းဝကျေးရွာမှ ခြေလျှင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား မြို့လှ PDF မှ စောင့်ကြို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိကြောင်း ‌ဒေသခံတစ်ဦးထံမှ သိရသည်။

ချောင်းဝကျေးရွာမှ မင်းကုန်းကျေးရွာဘက်သို့ ခြေလျှင်ဖြင့် ထွက်လာသည့် အင်အား (၅၀) ခန့် ရှိစစ်ကောင်စီတပ်သားများကို မနေ့ ဧပြီလ (၂၂) ရက်နေ့ ည (၇) နာရီခွဲအချိန်ခန့်တွင် မြို့လှ PDF မှ ‌RPG ဖြင့်စောင့်ကြို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက် ရှိနိုင်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” (၁၀) မိနစ် ဝန်းကျင်လောက်ရှိမယ်။ ဒီနေ့မနက် ပတ်တီးနဲ့ (၂) ယောက်ထွက်တော့ ထိတယ်လို့ပဲ ယူဆရမှာပေါ့။ ချောင်းဝမှာ အစောထဲက တပ်ခွဲ လာထိုင်နေတာရှိတယ်။ RPG တွေနဲ့ ပစ်တယ် မိုင်းလည်းဆွဲလိုက်တယ်။ “ ဟု ဒေသခံက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုတွင် မြို့လှ PDF မှ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် PDF များအနေဖြင့် ထိခိုက်မှု မရှိကြောင်းကိုလည်း ဒေသခံဆီမှ သိရသည်။

ချောင်းဝရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းအား မြို့လှ KPDF တပ်မှ RPG၊ 79 mm များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟုလည်း မြို့လှ PDF မှ သတင်းထုတ်ပြန်ထားသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...