ALD အား ဧပြီ ၂၅ ရက်မတိုင်မီစစ်ဆေးမခံပါက အရေးယူမည်ဟု UEC စာထုတ်ပြန်ထားသော်လည်း သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ပါတီပြောခွင့်ရသူဆို

ALD အား ဧပြီ ၂၅ ရက်မတိုင်မီစစ်ဆေးမခံပါက အရေးယူမည်ဟု UEC စာထုတ်ပြန်ထားသော်လည်း သွားရောက်စစ်ဆေးခံမည်မဟုတ်ဟု ပါတီပြောခွင့်ရသူဆို

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)  ပါတီကို ဧပြီလ ၂၅ ရက်နေ့မတိုင်မီ ပါတီအနေဖြင့် လာရောက် စစ်ဆေးခံခြင်းမရှိပါက ရွေးကောက်ပွဲ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က သတင်းထုတ်ပြန်ထားသော်လည်း သွားရောက် စစ်ဆေးခံမည် မဟုတ်ဟု ပါတီပြောခွင့်ရသူက ပြောဆိုသည်။

" ကျနော်တို့ဆီကို လာရောက် စစ်ဆေးမယ်ဆိုရင်တော့ စစ်ဆေးလို့ရတယ်။ ဒါပေမယ့် သွားရောက် ပြီးတော့ ကျနော်တို့ပါတီက အစစ်ဆေးမခံဘူးလို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲ ဆိုတော့ကျနော်တို့ ပါတီအဖွဲ့အနေနဲ့ မည်သည့်အာဏာရှင်နဲ့မှ ပူးပေါင်းဆောက်ရွက်သွားဖို့ အစီစဥ်မရှိဆိုတဲ့ မူကို ချမှတ်ထားတဲ့အတွက် ဖြစ်ပါတယ်"ဟု ALD၏ ပြောရေး ဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ပါတီစာရင်းများ လာရောက်မစစ်ဆေးခံရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အကြောင်းကြားခဲ့ပြီး လိုက်နာခြင်း မရှိပါပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း UEC က သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် မတ်ရက်မှ ၁၂ ရက်အထိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီစာရင်းများ စစ်ဆေးခံရန် အသိပေး အကြောင်းကြားခဲ့သော်လည်း ယင်းပါတီအနေဖြင့် လာရောက် အစစ်ဆေးခံရန် ပျက်ကွက်ခဲ့ကြောင်း UEC  ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးဆိုင်ရာ ပစ္စည်းများနှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် မတိုင်မီ ဖိတ်ကြားစာပါ နေရာသို့ လာရောက်အစစ်ဆေးခံနိုင်ရေး ဆောင်ရွက် သွားရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄(က) နှင့် အညီ ညွှန်ကြားကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-ဥပဒေပုဒ်မ၂၄ (ဂ)၊ (ဃ)၊ (င) တို့နှင့် အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိသည်။

အစစ်ဆေးမခံ၍ ပါတီကို ဖျက်သိမ်းသည့်အထိ အရေးယူသော်လည်း ပါတီကို ယခင်ကလို ရပ်တည်ဆောင်ရွက်သွားမည်ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

"ပါတီက အရင်တုန်းကတစ်ခါဖျက်သိမ်းခံရဖူးတယ်။ အဲ့တုန်းကလည်း ကျနော်တို့ ဗဟိုကော်မတီတွေ ဆက်လက်ရပ်တည်နိုင်ခဲ့တယ်။ ခု ဖျက်သိမ်း ခဲ့ရင်လည်း ကျနော်တို့ အရင်ကလိုမျိုးစည်းစည်းရုံးရုံး ဆက်လက် ရပ်တည်သွားမှာပါ"ဟု ပြောသည်။

အလားတူ မြန်မာ့လူဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုလည်း လာရောက် စစ်ဆေးခံရန် အကြောင်း ကြားထားပြီး ပျက်ကွက်ပါက အရေးယူမည် ဖြစ်ကြောင်း UEC က စာထုတ်ပြန်ထားသည်ဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...