စစ်ကိုင်း ၊ မကွေး နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင်သူ သုံးသိန်းကျော်အထိမြင့်တက်လာ

စစ်ကိုင်း ၊ မကွေး နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင်သူ သုံးသိန်းကျော်အထိမြင့်တက်လာ

စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ်တို့မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ သုံးသိန်းကျော်အထိမြင့်တက်လာခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ထိ UNOCHA က ပြုလုပ်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးတိမ်းရှောင်နေရသူ စုစုပေါင်းလည်း ၉၁၂၇၀၀ အထိရှိလာခဲ့တယ်လို့ဆိုပါတယ်။

ဒီထဲက ငါးသိန်းခွဲကျော်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့မှ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းဖြစ်ပါတယ်။

ရံပုံငွေနည်းပါးမှု နဲ့ သွားရောက်အကူအညီပေးရေး စိန်ခေါ်မှုတွေကြားက လူဦးရေ တစ်သန်းခွဲနီးပါးကိုလည်း စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အကူအညီတွေပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂက တောာင်းခံထားတဲ့ လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဉ်အရ  လိုငွေ ဒေါ်လာ ၈၂၆ သန်းရှိပေမယ့် လက်ရှိအချိန်ထိ လိုအပ်တဲ့ ရံပုံငွေ ၅ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။

အာဟာရကဏ္ဍမှာတော့ ကြိုတင်ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ အာဟာရပစ္စည်း ရရှိဖြည့်ဆည်းရေးဟာ အစောဆုံးဇွန်လမှာတင် အခက်အခဲတွေရှိလာနိုင်ပါတယ်လို့လည်း ပြောဆိုထားပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...