စစ်တွေတွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်၍ အလုအယက် ဆီဖြည့်နေကြသလို ဆိုင်ကယ်တစ်စီး တစ်သောင်းဖိုးနှင့် ကားတစ်စီး ငါးသောင်းဖိုးသာရောင်းချပေး

စစ်တွေတွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်၍ အလုအယက် ဆီဖြည့်နေကြသလို ဆိုင်ကယ်တစ်စီး တစ်သောင်းဖိုးနှင့် ကားတစ်စီး ငါးသောင်းဖိုးသာရောင်းချပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆီပြတ်လပ်မည်ကို စိုးရိမ်၍ ဆီဆိုင်များတွင် အလုအယက် ဆီးဖြည့် နေကြသလို ဝေသာလီကွင်းရှေ့ရှိ ကျော်ဇံ စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်တစ်စီးကို တစ်သောင်းကျပ်ဖိုးနှင့် ကားတစ်စီးကို ငါးသောင်းကျပ်နူန်းဖြင့် သတ်မှတ် ရောင်းချ ပေးနေကြောင်း သတင်းရရှိသည်။

ကျော်ဇံဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက " ဆီကတော့ ပြတ်မှာမဟုတ်ဘူး။ ဆီစျေးလည်းမတက်ဘူး။ နည်းနည်းကျသွားတယ်။ ကျနော်တို့က ဆီကိုမပြတ်အောင်တွက် ထိန်းပြီးရောင်းချပေးနေတယ်။ ရွှေရိုးမဆီဆိုင်မှာ ဆီပြတ်သွားတာကြောင့် ကျနော်တို့ဆီမှာ လာဖြည့်တာများနေတာ။ ကျနော်တို့မှာ ဆီဘောက်ဆာကားက မနက်ဖြန် တစ်စီးဝင်မယ်။ နောက်ထပ်သုံးစီးထွက်လာဖို့လည်းရှိတယ်"ဟု ပြောသည်။

၎င်းပြင် သူတို့ဆိုင်တွင် ဆီလာဖြည့်မှုများသောကြောင့် ဆိုင်ကယ်တစ်စီးကို ကျပ် တစ်သောင်းကျပ် နူန်းနှင့် ကားတစ်စီးကို ကျပ် ၅ သောင်းကျပ်နူန်းဖြင့် သတ်မှတ် ရောင်းချပေးနေခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စစ်တွေမြို့ရှိ ဆီဆိုင်အချို့တွင် ဆီပြတ်တောက်နေမှုကြောင့် ကျော်ဇံဆီဆိုင်တွင် ကားများနှင့် သုံးဘီး၊ ဆိုင်ကယ်များဖြင့် အလုအယက် လာရောက် ဝယ်ယူနေကြောင်း သိရသည်။

စစ်ကောင်စီက စက်သုံးဆီများမှာ ပြတ်တောက်သွားမည် မဟုတ်ကြောင်း ပြောဆိုသော်လည် ပြည်သူများအနေဖြင့် ဆီပြတ်တောက်မည်ကို စိုးရိမ်နေ၍ လာရောက် ဝယ်နေခြင်းဖြစ်ကြောင်း ဆီလာဝယ်သူ တစ်ဦးက ပြောသည်။

ပြည်ပကနေ စက်သုံးဆီတင်သွင်းရသည့်မှာ အခက်အခဲများ ဖြစ်နေသည့် သတင်းများကြောင့် ရန်ကုန် အပါအဝင် မြို့ကြီးတချို့က စက်သုံးဆီအရောင်းဆိုင်များတွင် ကားများ တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြရပြီး ယခုမြို့တော်စစ်တွေမှာလည်း တချို့ဆီဆိုင်များတွင် ဆိုင်ကယ်၊ ဆိုင်ကယ်နှင်ကားများ တန်းစီ စောင့်ဆိုင်းကာ စက်သုံးဆီ ဖြည့်နေကြရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...