အင်းတော်ကြီး မိုင်းနောင်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယာယီစျေးနှင့် လူနေအိမ်အများအပြားပျက်စီး

အင်းတော်ကြီး မိုင်းနောင်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယာယီစျေးနှင့် လူနေအိမ်အများအပြားပျက်စီး

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ ဧပြီလ ၁၇ ရက်နေ့ညက လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ယာယီစျေးတစ်ခုလုံးနီးပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ ၁၂ ခွဲလိုက်တိုက် ကြာတော့မကြာဘူး ကြမ်းသွားတယ်။ ယာယီလုပ်ထားတဲ့စျေးရယ်။ ရွာထဲက နေအိမ်တွေရယ် အမိုးတွေလန်တာတော့ရှိတယ်။ စျေးအသစ်မှာလည်းခေါင်မချုပ်ထားတဲ့ အမိုးတွေလန်သွားတယ်။ စျေးအဟောင်းကတော့ ၇၅ ရာခိုင်းကတော့ ပြားသွားတယ်” လို့  

မိုင်းနောင်ကျေးရွာရဲ့ ကျေးရွာရပ်မိရပ်ဖဖြစ်တဲ့ ဦးသန်းစိန်ပြောပြပါတယ်။

ယာယီစျေးအပြင် တည်ဆောက်နေဆဲဖြစ်တဲ့ စျေးအသစ်ကလည်း သွပ်မိုးလံပြီးပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သူကဆိုပါတယ်။

လေပြင်းမုန်တိုင်းတိုက်ခတ်မှုက နာရီဝက်ခန့်သာကြာမြင့်ပြီး ကျေးရွာအတွင်း နေအိမ်တွေပျက်စီးသလို သစ်ပင်တွေအများအပြားလည်း ကြိုးကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၇ ရက်နေ့က အထက်မြန်မာပြည်တစ်ဝန်းမှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး တချို့ဒေသတွေမှာ မိုးသီးကျတာ ၊ လေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...