စက်သုံးဆီရှားပါးမှုနှင့် စျေးနှုန်းမြင့်မားခြင်းကြောင့် နောင်မွန်ပြည်သူများ လယ်ထွန်ရန် အခက်ကြုံ

စက်သုံးဆီရှားပါးမှုနှင့် စျေးနှုန်းမြင့်မားခြင်းကြောင့် နောင်မွန်ပြည်သူများ လယ်ထွန်ရန် အခက်ကြုံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့ရှိ ကျေးရွာနေ လယ်လုပ် ပြည်သူများ ယခုနှစ် လယ်ထွန်ချိန်ရောက်သော်လည်း စက်သုံးဆီများ ဝယ်ယူရရှိရန် ခက်ခဲ‌နေသောကြောင့် လယ်ထွန်ရန် အခက်တွေ့နေရကြောင်း သိရသည်။

ယခင်နှစ်များတွင် ဓာတ်ဆီနှင့် ဒီဇယ်များကို ပုံမှန် ဈေးနှုန်းဖြင့် ရရှိကြသော်လည်း ယခုနှစ်တွင် လာရောင်းသည့်သူများ မရှိသလောက် နည်းပါးနေသည်သာမက ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင်းလည်း ဝယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီဇယ် တစ်ဂါလံ(၁၅၀၀၀)ပြန်ကျတယ်။ (၂၀၀၀၀)တောင်ရောက်တယ် ဟိုတစ်နေ့က။ ရောင်းတဲ့ သူတောင် မရှိဘူး။ အခုထိ မဝယ်နိုင်သေးဘူး။လယ်‌တွေလည်း မထွန်နိုင်သေးဘူး။ အရင်နှစ်တွေက (၆၀၀၀)ပဲ ရှိတာ။ ဈေးရောင်းတဲ့သူတွေပဲ ရောင်းကြတာ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စက်သုံးဆီဝယ်ရန် ပိုက်ဆံမတတ်နိုင်ကြသောကြောင့် နွားများကို အသုံးပြုကာ ရရာနည်းဖြင့် လယ်ထွန်နေကြသော်လည်း နွားမရှိသည့် ပြည်သူများ အခက်အခဲကြုံနေကြရကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

“အရင်ထွန်စက်ပဲ သုံးကြတော့။ တစ်အိမ်မှာ အနည်းဆုံး(၆)ဧက လုပ်တယ်။ စက်နဲ့ ထွန်ဖို့ကို ကြောက်နေရတယ်။ တချို့ နွားရှိတဲ့ သူတွေတော့ လုပ်နေကြတယ်။ တချို့က နွားမသုံးဖြစ်တာ ကြာတော့ အရိုင်းလို ဖြစ်သွားပြီပေါ့။  ပိုက်ဆံက မရှိ ဆီလည်း မဝယ်နိုင် ဖြစ်နိုင်တယ်။ ကုန်ဈေးနှုန်း အရမ်းတက်နေတော့ ဆီတောင် မစားတာ ကြာနေပြီ။ နိုင်ငံရေးကြောင့်ရော ပိုက်ဆံရှာဖို့ ခက်တော့လေ။ ဆီသွားဝယ်ဖို့ ကားခတောင် မရှိဘူး။ ကားခလည်း ဈေးကြီးတော့ အရမ်းခက်ခဲနေတယ်”ဟု ၎င်းက ပြောသည်။

ဒေသခံ၏ ပြောပြချက်အရ နောင်မွန်မြို့နယ်အတွင်းက ကျေးရွာ(၁၀)ရွာ‌ကျော်ခန့်ရှိ ပြည်သူများ နေအိမ်တိုင်းလိုလို လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...