သင်္ကြန်အတက်နေ့ ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ စစ်သားတစ်ဦးဒဏ်ရာရဟုဆို

သင်္ကြန်အတက်နေ့ ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ စစ်သားတစ်ဦးဒဏ်ရာရဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာနှင့် ရုပ်သားကျေးရွာတို့ကြား စစ်တပ် တပ်စွဲထားသည့် ဘီလူးကြီးတောင်တွင် သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်က  မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ဧပြီ ၁၆ ရက် ညနေ ၃ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ယင်းမိုင်းပေါက်ကွဲသံကို ကျေးရွာတစ်ခုလုံးက ကြားခဲ့ရကြောင်း၊ စစ်သားတစ်ဦး ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း အမည်မဖော်လိုသူ နာဂရာကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

" မိုင်းပေါက်သံကို ရွာထဲကနေ ကြားရပါတယ်။ ပေါက်သံ ကြားလိုက်ရလို့ ရွာအပြင်က ထွက်ကြည့် ကြပါတယ်။ စစ်တပ်က စစ်သားတစ်ယောက် မိုင်းထိလို့ ခြေထောက်ထိသွားတယ်လို့လည်း ကြားရပါတယ်။ အဲတောင်မှာ တပ်စွဲထားတဲ့တပ်ရင်းကိုတော့ ကျနော်တို့ မသိဘူး"ဟု ပြောသည်။

တည်ငြိမ်နေသည့် ရခိုင်တွင် တိုက်ပွဲသံများ၊လက်နက်သံများနှင့်မိုင်းသံများမကြားချင်တော့ကြောင်း ၎င်းကပြောသည်။

" အခုလို့ မိုင်းသံတွေ ထပ်ကြားလာရတော့ ကျနော်တို့ ရွာသားတွေအနေနဲ့ စိုးရိမ်စိတ်တွေ ရှိပါတယ်။ ပြီးတော့ နာဂရာရွာက ကျောက်တော်တပ်မနဲ့ နီးတယ်။ တစ်ဖက်တစ်ကမ်းပဲရှိတယ်။ လက်နက်သံ ကြားရင် ကြောက်နေကြရတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကျောက်တော်မြို့မှ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးမှလည်း မိုင်းပေါက်ကွဲမှုကြောင့် စစ်သားတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှု ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရကြောင်း ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား အတည်ပြုချက် ရယူနိုင်ရန်  နိရဉ္စရာသတင်းဌာနက  ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့သဖြင့် တပ်ဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ရခိုင်တွင် တိုက်ပွဲများ ရပ်စဲနေသည်မှာ   ၂ နှစ်နီးပါးခန့်ရှိနေပြီဖြစ်သော်လည်း   ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာမှ  ၃ ဖာလုံအကွာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာတပ်မတော်တို့ မိနစ်အနည်းငယ် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

နောက်ပိုင်းတွင် နှစ်ဖက် တပ်များညှိနိုင်း ဖြေရှင်းကြရာမှ တိုက်ပွဲများ မဖြစ်ပွားတော့ဘဲ ရပ်တန့်သွားခဲ့သည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...