ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဒေသခံတစ်ဦးရဲ့နေအိမ် လက်လုပ်မိုင်းပစ်ပေါက်ခြိမ်းခြောက်ခံရ

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဒေသခံတစ်ဦးရဲ့နေအိမ် လက်လုပ်မိုင်းပစ်ပေါက်ခြိမ်းခြောက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာက ဒေသခံတစ်ဦးရဲ့ နေအိမ်ကို အမည်မသိလူတစ်စုက လက်လုပ်မိုင်းနဲ့ အိမ်ရှေ့မှာလာရောက်ပစ်သွားတဲ့ကြောင်း သိရပါတယ်။

“ မနေ့က (ဧပြီ ၁၃ ရက်နေ့ ) ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်ကယ်နဲ့လာလုပ်သွားတယ်။ ကော် ၊ သစ်သားနဲ့ ယမ်းထည့်ထားတဲ့ အသံမိုင်း ၊ ပျက်စီးတာကတော့ အိမ်ရှေ့လှေခါးနည်းနည်းပဲ့သွားတယ်”  လို့ ထိုအိမ်ရှင်ကပြောဆိုပါတယ်။

ပစ်ပေါက်တဲ့အဖွဲ့က မည်သည့်အတွက်ကြောင့်လာရောက်ပစ်တာကို မသိပဲ ခြိမ်းခြောက်တဲ့ သဘောဆောင်နေကြောင်း သူက ဆိုပါတယ်။

လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခံရတဲ့ မိသားစုက ကျေးရွာအတွင်းမှာ စျေးရောင်းဝယ်ခြင်းနဲ့ အသက်မွှေးဝမ်းကြောင်းပြုနေသူတွေဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

နောင်ပိုအောင်ကျေးရွာမှာ မတ်လထဲမှာပဲ ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့အနီးကပ်လုပ််ကြံခံရမှုတွေရှိသလို ၊ ဧပြီလ ပထမပတ်ထဲမှာပဲ  ဘုန်းတော်ကြီးကျောင်း ၊ဘုရားအနီး နဲ့ တံတားထိပ်တွေမှာ လက်လုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...