ဖားကန့်၏သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန်နှင့် တော်လှန်ရေးကို ဝန်းရံကြဖို့ တိုက်တွန်းနှိုးဆော်

ဖားကန့်၏သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန်နှင့် တော်လှန်ရေးကို ဝန်းရံကြဖို့ တိုက်တွန်းနှိုးဆော်

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း ‘အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန် သင်္ကြန် ပြည်သူ့အသံ’ ဆောင်ပုဒ်နှင့်အညီ သင်္ကြန်သီချင်းများ မဖွင့်ဘဲ သင်္ကြန်ပွဲကို ငြင်းဆန်ပြီး တော်လှန်ရေးအား ဝန်းရံကြရန် ဖားကန့်မြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစုက လမ်းမကြီးမျာ၏ လမ်းဘေးဝဲယာများတွင် စာစောင်များ ကပ်ထားပြီး  ပြည်သူများအား အသိပေး နှိုးဆော်ထားသည်။

ယင်း အပြင် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာ အမြစ်ပြတ်ဆန့်ကျင် တော်လှန်ခဲ့ခြင်းသည် တစ်နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီဖြစ်ပြီး မကြာမီ တစ်နိုင်ငံလုံး မျှော်လင့်နေသည့် ပန်းတိုင်သို့ ရောက်ရှိလာတော့မည်ကို ယုံကြည်ကြောင်းလည်း ကြေညာစာစောင်ထဲတွင် ပါရှိသည်။

 ဖားကန့်မြို့နယ်အတွင်း နေထိုင်သည့်  ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ယခုကျရောက်မည့်  သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲ မပြုလုပ်ကြရန်နှင့်  စစ်အာဏာရှင် တွန်းလှန်ရေးတွင် အဆုံးထိ ပူးပေါင်းပါဝင်ကြရန်အတွက်လည်း တိုက်တွန်းထားသည်။

ဖားကန့်ပင်မသပိတ်စစ်ကြောင်းအနေဖြင့် စစ်အာဏာ သိမ်ပြီးနောက် အာဏာရှင်စနစ်ကို ယနေ့အချိန်အထိ သပိတ်စစ်ကြောင်းများထွက်ကာ ဆန့်ကျင်တော်လှန်နေကြဆဲလည်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...