ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆေးရုံတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ပြော

ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆေးရုံတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်ပြော

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆေးရုံတို့ကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲတယ်လို့ စစ်ကောင်စီဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

၄၀ မမ ဗုံးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အဦးတချို့ပျက်စီးခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဧပြီလ ၆ ရက်နေ့ မနက် ၁၁ နာရီအချန်က ကောလင်းမြို့ မြောက်အင်းရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံး နဲ့ မြို့နယ်ဆေးရုံတို့ကို တစ်မိုင်ခန့်အကွာမှာရှိတဲ့ စျေးရုံဗိုလ်တဲရပ်ကွက်ကနေ သုံးချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မြောက်အင်းရပ်မှာနေတဲ့ ဦးထည်ဝါဦးက  ဝန်ထမ်းအိမ်ရာအနီး ရောက်ရှိနေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး   သူရဲ့ယာလက်ဖျံ၊ ယာပေါင်နှင့်ယာ ခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိ ခဲ့ကြောင်းသိရသည်။

ဒီသတင်းနဲ့ ပတ်သတ်ပြီး ကောလင်း PDF တွေဘက်က သတင်းထုတ်ပြန်ထားတာမျိုးတော့မရှိခဲ့ပါဘူး။

ဧပြီလ ၂ ရက်နေ့က ကောလင်းမြို့ပေါ် ကျောင်းသစ်ကျောင်းအပေါက်ဝမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို PDF. တွေက တိုက်ခိုက်မှုကြောင့် နှစ်ဦးကျခဲ့ပြီး ၃ ဦးဒဏ်ရာရတယ်လို့ PDF တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းနီအသံက ဒီဖြစ်စဉ်ကို သိနိုင်ဖို့အတွက် ကောလင်းဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...