သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်မယ်လို့ တမူး PDF ဆို

သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်မယ်လို့ တမူး PDF ဆို

သင်္ကြန်ကာလအတွင်းမှာ စစ်ကောင်စီဘက်က တိုင်းပြည်ငြိမ်းချမ်းသယောင် ဝါဒဖြန့်ဖို့အတွက် ပွဲတော်ကို စည်စည်ကားကားပြုလုပ်ဖို့  ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ရေးအရှိန်မြင့်ဖို့လုပ်သွားမယ်လို့ တမူးPDF က ဆိုပါတယ်။

တမူးမြို့နယ်အတွင်းမှာ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ကြီးနှစ်ခုပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်မှုတွေမအောင်မြင်ဖို့အတွက် စစ်ရေးအရှိန်မြင့်တာတွေပြုလုပ်မှာဖြစ်တယ်လို့ တမူး PDF တပ်ရင်း -၁ က ဒီနေ့မှာထုတ်ပြန်ပါတယ်။

တမူးမြို့နယ်ထဲက ပြည်သူတွေလည်း ဒီသင်္ကြန်ကာလမှာ မဏ္ဍပ်တွေကို မသွားဖို့ ၊ KTV ၊ Praivate Club တွေမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်တာတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ရေဆော့ကစားတာတွေမလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

တမူး PDF  နဲ့ စစ်ကောင်စီတပ်တွေက တမူးမြို့နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ်ပွားမှုတွေရှိနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာသတင်းတွေအရသိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...