သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်မယ်လို့ တမူး PDF ဆို

သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှု အရှိန်မြင့်မယ်လို့ တမူး PDF ဆို

သင်္ကြန်ကာလအတွင်းမှာ စစ်ကောင်စီဘက်က တိုင်းပြည်ငြိမ်းချမ်းသယောင် ဝါဒဖြန့်ဖို့အတွက် ပွဲတော်ကို စည်စည်ကားကားပြုလုပ်ဖို့  ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ရေးအရှိန်မြင့်ဖို့လုပ်သွားမယ်လို့ တမူးPDF က ဆိုပါတယ်။

တမူးမြို့နယ်အတွင်းမှာ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ကြီးနှစ်ခုပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်မှုတွေမအောင်မြင်ဖို့အတွက် စစ်ရေးအရှိန်မြင့်တာတွေပြုလုပ်မှာဖြစ်တယ်လို့ တမူး PDF တပ်ရင်း -၁ က ဒီနေ့မှာထုတ်ပြန်ပါတယ်။

တမူးမြို့နယ်ထဲက ပြည်သူတွေလည်း ဒီသင်္ကြန်ကာလမှာ မဏ္ဍပ်တွေကို မသွားဖို့ ၊ KTV ၊ Praivate Club တွေမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်တာတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ရေဆော့ကစားတာတွေမလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

တမူး PDF  နဲ့ စစ်ကောင်စီတပ်တွေက တမူးမြို့နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ်ပွားမှုတွေရှိနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာသတင်းတွေအရသိရပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...