မိုးညှင်းမြို့ မြိုင်ရွာက ဟင်းပြင်းသွားခူးတဲ့ အမျိုးသမီးတစ်ဦးမိုင်းနင်းမိ

မိုးညှင်းမြို့ မြိုင်ရွာက ဟင်းပြင်းသွားခူးတဲ့ အမျိုးသမီးတစ်ဦးမိုင်းနင်းမိ

မိုးညှင်းမြို့နယ် မြိုင်ရွာက အမျိုးသမီးတစ်ဦး ဧပြီလ ၅ ရက်နေ့မှာ ဟင်းပြင်းသွားခူးပြီးအပြန် တိုက်မိုင်းနင်းမိပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံရယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“  နည်းနည်းဆင်းရဲနွမ်းပါးတဲ့အသိုင်းအဝိုင်းကပေါ့ဗျာ ၊ တောထဲတောင်ထဲသွားပြီး ဟင်းပြင်းခူးရောင်းနေရတယ်။  အဲ့မှာကလေးနှစ်ယောက်မိခင်ပေါ့  ဟင်းပြင်းခူးပြီး အပြန်မှာဖြစ်တာ ၊ တိုက်မိုင်းပေါ့ ခြေထောက်နဲ့တိုက်မိပြီးဖြစ်တာနွယ်ကြိုးကို ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရတာပေါ့ဗျာ”လို့  မြိုင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိမှုကြောင့် မိုင်းစတွေ သူ့ခန္ဓာကိုယ်မှာ စိုက်ဝင်ထားပြီး  အသက်အန္တရာယ်လည်း  စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ဆိုပါတယ်။

အဲ့ဒီအမျိုးသမီးက အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ကာ ဟင်းပြင်းခူးရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။

မြိုင်ရွာအနီးတဝိုက်မှာ လှုပ်ရှားကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမရှိပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ဝန်းကျင်က မြိုင်ရွာအနီးမှာ တိုက်ပွဲအသေးစားတစ်ခုဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီလိုမိုင်းနင်းမှုတွေဖြစ်ပွားပြီးတဲ့နောက် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေရှိလာခဲ့တယ်လို့ သိရပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...