ဟုမ္မလင်းမြို့နယ်ထဲမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ

ဟုမ္မလင်းမြို့နယ်ထဲမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ ဧပြီလ ၃ ရက်နဲ့  ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒီနေ့ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း (၇) နာရီဝန်းကျင်အချိန်မှာ နောင်ပိုအောင်ကျေးရွာ ကနေအထွက် လွှစင်ကုန်းကျေးရွာသွားတဲ့လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သူတွေရှိတယ်လို့ ပြောဆိုနေကြပေမယ့် ရှမ်းနီအသံက ဒီနေ့ညနေပိုင်းထိအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

“ တံတားထိပ်နားပေါက်တာပြောတယ်  . သူများတွေစျေးသွားတဲ့အခါမှာ ၊ ကလေးမလေးတစ်ယောက်ထိတယ်လို့ပြောသံကြားတယ်။ ဟုတ်လားမဟုတ်ဘူးလားမသိဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ဟုမ္မလင််းမြို့ပေါ်ရှိ ဥပဒေရုံးမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတွေထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

 ဒီလိုဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့အဖွဲ့အစည်းတွေကိုတော့ မသိရှိရသေးပါဘူး။

အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ဟုမ္မလင်းမြို့နယ်အတွင်း ပေါက်ကွဲမှု အနည်းဆုံး ၆ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာရှိ ဥရုချောင်းကူးတံတားဖွင့်ပွဲပြုလုပ်ဖို့ရှိနေပြီး စစ်ကောင်စီခန့်ထားတဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေတက်ရောက်ဖို့ ရှိနေတဲ့သတင်းတွေလည်း ထွက်နေပေါ်နေပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...