စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်အား အသိအမှတ်မပြုသည့်အပြင် တက္ကသိုလ်ဝင်ခွင့် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကချင်ဒေသ တက္ကသိုလ်ကျောင်းကောင်စီများ ထုတ်ပြန်

စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်အား အသိအမှတ်မပြုသည့်အပြင် တက္ကသိုလ်ဝင်ခွင့် လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကချင်ဒေသ တက္ကသိုလ်ကျောင်းကောင်စီများ ထုတ်ပြန်

စစ်ကောင်စီမှ ကျင်းပသည့်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်အား ကချင်ပြည်နယ်ဒေသအတွင်းက အဆင့်မြင့်ပညာအဖွဲ့အစည်းများ အနေဖြင့် လုံးဝ အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့်  စစ်ကောင်စီ၏ စာမေးပွဲရလဒ်ဖြင့်လည်း တက္ကသိုလ်ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ကချင်ဒေသ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း ကောင်စီများမှ  ယနေ့ ဧပြီလ (၅) ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေညာသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၏ အစဉ်လာအရ မေးခွန်းထုတ်ခြင်းမှစပြီး အောင်စာရင်းပြုလုပ်သည်အထိ အဆင့်ဆင့်ကို လုပ်ငန်းကျွမ်းကျင်သည့် ပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ကြသော်လည်း  ၎င်းတို့သည်  အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေကြခြင်းကြောင့် ယခုကျင်းပသည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည်  လုပ်ငန်းကျွမ်းကျင်မှု ၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ် မရှိသည့် အာဏာရှင်ထောက်တိုင် ဝန်ထမ်းများနှင့် အကောင်ထည်ဖော်ထားခြင်း ဖြစ်သည့်အတွက် စာမေးပွဲရလဒ်အား လက်ခံနိုင်စရာမရှိကြောင်းလည်း ဖော်ပြထားသည်။

ယခုကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် လုယူထားသည့် စစ်ကောင်စီမှ ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာ အသက်ဝင်မှုကို ဖော်ပြရန်အတွက်သာ  ပြုလုပ်သည့် စာမေးပွဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါကြေညာချက်ကို ကချင်ဒေသအတွင်းက အဆင့်မြင့်ပညာဖွဲ့အစည်း (၁၀) ဖွဲ့မှ ပူးတွဲ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...