မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ ဆိုတဲ့သတင်းအမှား

မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ ဆိုတဲ့သတင်းအမှား

အဆိုပါသတင်းအမှားကို ကျော်သီဟ အကောင့်မှ “မြန်မာ လေပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်ကာ အကြမ်းဖက်များကို ထောက်ပံ့နေတဲ့ အမေရိကန် စစ်လေယာဉ်တစ်စီးကို  မြန်မာတပ်မတော်မှ ဒရုန်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်လေယာဉ်ပျက်ကျသွားခဲ့ အမေရိကန် နိုင်ငံသားလေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြန်မာနိုင်ငံအတွက် စိတ်အေးရပါပြီလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့ပါတယ်” လို့ရေးသားဖော်ပြထားပါတယ်။

သတင်းအမှားမှာဖော်ပြထားသလို ပျက်ကျတာ လေယာဉ်မဟုတ်သလို အမေရိကန်နိုင်ငံက စစ်လေယာဉ်လည်းမဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီရဲ့ရဟတ်ယာဉ်ဖြစ်ပါတယ်။

အဲ့ဒီရဟတ်ယာဉ်ဟာ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး ဟားခါးမြို့ကိုအဆင်းမှာ ပျက်ကျသွားခြင်းဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ် ဦးကပြောပါတယ်။

“(မတ်လ ၂၉ ရက်နေ့ ) ၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့ အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်’’

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း “ဒီကနေ့ (မတ်လ ၂၉ ရက်နေ့ ) မနက် ၈ နာရီ ၅၀ လောက်မှာ ကလေးကနေ ဟားခါးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းတွေ သွားပို့တဲ့ ရဟတ်ယာဉ်ရှိတယ်။ အဲ့ရဟတ်ယာဉ်က ဟားခါးကို ၉ နာရီ ၂၀ လောက်မှာ ရောက်တယ်။ ဟားခါး ရဟတ်ယာဉ်ကွင်းကို ဆိုက်တဲ့အချိန်မှာ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အောက်ကနေ ပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ မိတဲ့အချိန် ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်မှာ ရဟတ်ယာဉ်ပြုတ် ကျတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကရိန်းနဲ့ အပေါ်ဆွဲတင်ဖို့ ပြန်လုပ်နေပါတယ်ခင်ဗျ။ ကျနော်တို့တပ်က လုံခြုံရေးအဖွဲ့နဲ့ အရပ်သားဆိုပေမယ့် ပညာရေးဝန်ထမ်းတွေပါတယ်။ တပ်က လုံခြုံရေးအဖွဲ့ ၂ ယောက်၊ အရပ်သား ၃ ယောက်။ သူတို့ကတော့ ဒဏ်ရာရရှိတာရှိတယ်။ ဒဏ်ရာ အနည်းငယ်ရရှိတယ်။ ပွန်းပဲ့ဖူးယောင်လောက်ပါပဲ သူတို့ကိုတော့ ဟားခါးမှာပဲ ကုသနေတယ်။”လို့ပြောပါတယ်။

VOA ရဲ့သတင်း Link ကိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>> https://bit.ly/3LIGWll

ကျော်သီဟ အကောင့်မှာဖော်ပြထားသတင်းဟာ အမှားဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်သူများအနေနဲ့ လူတစ်ဦးတစ်ယောက်ကတင်တဲ့ အကြောင်းအရာတိုင်းကို ချက်ခြင်းမယုံကြည်ပဲ သေချာစီစစ်ပြီးမှဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...