ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွေကို ၃ ရက်ထပ်မံပိတ်ခိုင်းထား

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွေကို ၃ ရက်ထပ်မံပိတ်ခိုင်းထား

ဖားကန့်မြို့နယ်ထဲက တရားမဝင် ကျောက်စိမ်းလုပ်ကွက်တွေကို မတ်လ ၂၉ ရက်နေ့က စပြီး လကုန် (၃၁) ရက်အထိ သုံးရက်ထပ်မံပိတ်ခိုင်းထးတယ်လို့ ကျောက်စိမ်းလုပ်ကိုင်နေသူတွေက ရှမ်းနီအသံကို ပြောပါတယ်။

“ ကျောက်ကုမ္မဏီတွေဒီနေ့ကစပီးသုံးရက်ပိတ်မယ်တဲ့ ဖားကန့်မှာ” လို့ ဒေသခံ ကျောက်စိမ်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ဒီလိုပိတ်သိမ်းခိုင်းမှာကို  စစ်ကောင်စီဘက်က ပိတ်သိမ်းခိုင်းတာဖြစ်ပြီး ပိတ်သိမ်းခံရတဲ့ အကြောင်းပြချက်ကိုတော့ မသိရှိရသေးပါဘူး။

ဖားကန့်မြို့နယ်မာ မတ်လ ၃ ရက်နေ့က ၆ ရက်နေ့အထိ (၃) ရက်တာ  ကျောက်စိမ်းတူးဖော်မှုအားလုံးကို ရပ်နားထားခဲ့ရပါတယ်။

မတ်လ ၁ ရက်နေ့ညက ဖားပြင်နောက်ကျော YTT.  လုပ်ကွက်ဟောင်းမှာ တရားမဝင်တဲ့ ကုမ္မဏီတွေ ဘတ်ဟိုးတွေနဲ့ အကြီးစားတူးဖော်မှုတွေလုပ်ကိုင်နေရာမှာ မြေစာပုံပြိုမှုကြောင့် လူ(၅၀)ကျော်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

 ဖားကန့်မြို့နယ်ထဲမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီအများစုက သက်တမ်းကုန်ဆုံးထားပြီး နားလည်မှုနဲ့ တရားမဝင်တူးဖော်နေကြတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...