မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားတယ်ဆိုတဲ့သတင်းအမှား

မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားတယ်ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့ကောင့်မှ “ရုရှားတပ်တွေ ယူကရိန်းထဲဝင်လာပါပြီ။ မြန်မာတပ်မတော်မှ စစ်သည်အင်းအား ၆ သောင်းမှ တတိယ ကမ္ဘာစစ်အတွက် ပြင်ဆင်ပြီး ရုရှားတပ်မတော်နဲ့ ပူးပေါင်းပြီး ယူကရိန်း နယ်စပ်တွင်ပို့လိုက်ပါပြီ။ လိုအပ်ပါက မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များ၊ ထောက်ခံသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ ကြံခိုင်ရေးပါတီဝင်များ၊ မဘသ၉၆၉ မှ မျိုးချစ် သံဃာများမှ မဟာမိတ်ရုရှားအတွက် အသက်ပေးပြီး  တိုက်ခိုက်ကာကွယ်ပေးမယ်လို့သိရပါတယ်။  စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ မြန်မာတပ်မတော်ကို ရုရှားရဲ့ပူတင်ကလည်း အားကိုးတကြီး အကူအညီတောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။” ရေးသားထားပါတယ်။

ဆက်လက်ပြီး “ယူကရိန်းကို မတည်မငြိမ်ဖြစ်စေဖို့ ယူကရိန်းနိုင်ငံထဲက ရုရှားလူမျိုးတွေများတဲ့ (လက်နက်ကိုင်သူပုန်များတဲ့) ပြည်နယ် ၂ ခုကို မနေ့က ရုရှားက လွတ်လပ်သောနိုင်ငံအဖြစ် လွတ်လပ်ရေး အသိအမှတ် ပြုလိုက်ပါတယ်။ အကယ်၍ မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ရုရှားကိုစပြီး စီးပွားပိတ်ဆို့ရေး လုပ်နေကြပါတယ်။ ထို့ကြောင့် မြန်မာတပ်မတော်မှ မဟာမိတ်ရုရှားကို စစ်ရေး၊ စီးပွားရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဂျားဇီးယား ရုပ်သံသတင်းဌာနကထု ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့မြေကို ၂ ကြိမ်မြောက် ဖဲ့ယူနေပါပြီ။ ၂၀၁၄ က ယူကရိန်းနိုင်ငံ ခရိုင်မီးယားဒေသတစ်ခုလုံးကိုလည်း ဖဲ့ယူခဲ့ဖူးပါတယ်။ လက်ရှိ ယူကရိန်းနိုင်ငံကို မဟာမိတ်ရုရှားရဲ့ အစီအမံအောက်မှ မြန်မာတပ်မတော်ရဲ့ လက်နက်၊ လူအင်အားများ အကူအညီပေးရေးအတွက် အစည်းအဝေး ခေါ်ယူပြီးသားဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် စိတ်အေးရပါပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထပ်လောင်းပြီး ပြောကြားခဲ့ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။

Kyaw Thiha ဆိုတဲ့ကောင့်မှ ရေးသားဖော်ပြထားသလို “မြန်မာတပ်မတော်မှ စစ်သည်အင်းအား ၆ သောင်းမှ တတိယ ကမ္ဘာစစ်အတွက် ပြင်ဆင်ပြီး ရုရှားတပ်မတော်နဲ့ ပူးပေါင်းပြီး ယူကရိန်း နယ်စပ်တွင်ပို့လိုက်ပါပြီ။” ဆိုတာသတင်းအမှားသာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ကို စစ်အင်အားအလုံးရင်းနဲ့ ထိုစစ်ဆင်တိုက်ခိုက်နေတာပါ၊ စစ်ကောင်စီဘက်မှှ ရုရှားကို မိမိတို့ဘက်မှ စစ်သည်အင်းအား ၆ သောင်း စေလွှတ်တယ်ဆိုတာလည်း ပြောကြားထားတာမရှိပါဘူ။ “ရုရှား-ယူကရိန်း စစ်ပွဲ တစ်ပတ်တာမှတ်စု - ၂” ဆိုတဲ့ သတင်း Link မှာ ယူကရိန်-ရုရှားတိုက်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များပါရှိပါတယ်။ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>https://news-eleven.com/article/226847

ဒါ့အပြင် အယ်ဂျားဇီးယားသတင်းဌာန Pageကို ဝင်ရောက်ရှာဖွေဖတ်ရှု့တဲ့အခါ သတင်းအမှားမှာဖော်ပြထားသလို  “မဟာမိတ်ရုရှားသာ စစ်ပွဲတွင် အောင်မြင်ခဲ့လျှင် ဥရောပရှိ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံများကို မြန်မာတပ်မတော်အား အုပ်ချုပ်ခွင့်ပေးမည်ဟု ရုရှားသမ္မတ ပူတင်မှ ကတိပေးပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ရုရှားကိုစပြီး စီးပွားပိတ်ဆို့ရေး လုပ်နေကြပါတယ်။ ထို့ကြောင့် မြန်မာတပ်မတော်မှ မဟာမိတ်ရုရှားကို စစ်ရေး၊ စီးပွားရေး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဂျားဇီးယား ရုပ်သံသတင်းဌာနကထုတ်ပြောကြားခဲ့ပါတယ်။” ဆိုတာလည်း မပါရှိပါဘူး သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။

အယ်ဂျားဇီးယားသတင်းဌာန Link>>> https://www.aljazeera.com/tag/ukraine-russia-crisis/

Kyaw Thiha ဆိုတဲ့ကောင့်မှ ရေးသားဖော်ပြထားတဲ့ အချက်အလက်များကို Cross Check နဲ့စီစစ်ကြည့်လိုက်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီသတင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရေးသားခဲ့ပေမယ့် မတ်လ ၂၉ ရက်နေ့မှာ ပြန်လည်ဝေမျှနေဖြစ်ပါတယ်။

 

ပြည်သူများအနေနဲ့ သတင်းများကို စီစစ်ပြီးမှ ဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...