ယူကရိန်း နေရာအနှံအပြားကို ရုရှားနဲ့ မြန်မာ တပ်မတော်က ပစ်ခတ်တိုက်ခိုက် ဆိုတဲ့သတင်းအမှား

ယူကရိန်း နေရာအနှံအပြားကို ရုရှားနဲ့ မြန်မာ တပ်မတော်က ပစ်ခတ်တိုက်ခိုက် ဆိုတဲ့သတင်းအမှား

အဆိုပါသတင်းအမှားမှာ “ရုရှားသမ္မတပူတင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်က ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ကွဲသံများကြားရပြီး ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စာရေးသူဖော်ပြထားသလို ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာသတင်းများမှာရေးသာဖော်ပြထားတာမျိုးမရှိပါဘူ။ အရှေ့ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာမြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း သတင်းအမှားမှာဖော်ပြထားသလို အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမရှိပါဘူ။ သတင်း Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>https://burma.irrawaddy.com/news/2022/02/28/250189.html

ဒီသတင်းအမှားကို Kyaw Thiha account မှ ရုရှားက ယူကရိန်ကို စတင်ဝင်ရောက်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာရေးသားဖော်ပြခဲ့တဲ့အပြင် ဒီမတ်လ ၂၈ ရက်နေ့မှာတော့ Facebook စာမျက်နှာမှာ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ သတင်းတု/သတင်းအမှားများကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သတင်းတွေကိုဖတ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...