ယူကရိန်း နေရာအနှံအပြားကို ရုရှားနဲ့ မြန်မာ တပ်မတော်က ပစ်ခတ်တိုက်ခိုက် ဆိုတဲ့သတင်းအမှား

ယူကရိန်း နေရာအနှံအပြားကို ရုရှားနဲ့ မြန်မာ တပ်မတော်က ပစ်ခတ်တိုက်ခိုက် ဆိုတဲ့သတင်းအမှား

အဆိုပါသတင်းအမှားမှာ “ရုရှားသမ္မတပူတင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်က ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ကွဲသံများကြားရပြီး ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

စာရေးသူဖော်ပြထားသလို ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာသတင်းများမှာရေးသာဖော်ပြထားတာမျိုးမရှိပါဘူ။ အရှေ့ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာမြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း သတင်းအမှားမှာဖော်ပြထားသလို အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမရှိပါဘူ။ သတင်း Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Link>>https://burma.irrawaddy.com/news/2022/02/28/250189.html

ဒီသတင်းအမှားကို Kyaw Thiha account မှ ရုရှားက ယူကရိန်ကို စတင်ဝင်ရောက်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာရေးသားဖော်ပြခဲ့တဲ့အပြင် ဒီမတ်လ ၂၈ ရက်နေ့မှာတော့ Facebook စာမျက်နှာမှာ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ သတင်းတု/သတင်းအမှားများကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သတင်းတွေကိုဖတ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...