မြန်မာဒုက္ခသည် ၂,၀၀၀ ကို လက်ခံမည့်အပြင် ဒေါ်လာ ၉၅ သန်း အကူအညီ ပေးမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ပြောကြား

မြန်မာဒုက္ခသည် ၂,၀၀၀ ကို လက်ခံမည့်အပြင် ဒေါ်လာ ၉၅ သန်း အကူအညီ ပေးမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်ပြောကြား

မြန်မာဒုက္ခသည် ၂,၀၀၀ ကို လက်ခံမည့်အပြင် ဒေါ်လာ ၉၅ သန်း အကူအညီ ပေးမည်ဟု ဩစတြေးလျ ဝန်ကြီးချုပ်က ပြောကြားသည်။

မြန်မာ့အရေး တစိုက်မတ်မတ် လှုပ်ရှား ဆောင်ရွက်နေသည့် လွှတ်တော်အမတ် ဒန်စမစ်က ဩစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆန်၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားခြင်း ဖြစ်သည်။

“ အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၂,၀၀၀ ကို လူသားချင်းစာနာမှု အစီအစဉ်တွေ အရ ဗီဇာ ထုတ်ပေးမှာ ဖြစ်ပြီးတော့ လက်ရှိ ဘဏ္ဍာနှစ် အတွင်းမှာလည်း မြန်မာ ပြည်သူတွေ အတွက် အမေရိကန် ဒေါ်လာ ၉၅ သန်းကို ထောက်ပံ့ ကူညီမှာပါ ” ဟု လွှတ်တော်အမတ် ဒန်စမစ်က ရေးသားထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ကလည်း သြစတြေးလျနိုင်ငံက တပ်နှင့် ရဲ CDM များ နေထိုင်နိုင်ရန် လုပ်ဆောင် ပေးမည်ဟု ပြောကြားထားသည်။

လက်ရှိတွင် မြန်မာစစ်တပ်မှ အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သူ အရာရှိ နှစ်ဦးကို သြစတြေးလျတွင် နေထိုင်ခွင့် ဗီဇာ ထုတ်ပေးခဲ့သည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...