ဗန်းမော်ပေါက်ကွဲမှုတွင် ရဲတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးပြီး ရဲလေးဦး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိ

ဗန်းမော်ပေါက်ကွဲမှုတွင် ရဲတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးပြီး ရဲလေးဦး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ရဲနှင့်စစ်ကားမိုင်းဆွဲ တိုက်ခိုက်ခံရပြီး ခရိုင်ရဲမှူးရုံးမှ ဒုရဲမှူးတစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးပြီး ရဲနှင့် အရပ်သား စုစုပေါင်း (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက် မနက် (၈)နာရီဝန်းကျင်ခန့်က ရဲမှူးအိမ်တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် ဘောလုံးကွင်း အနီး အစိုးရ ဧည့်ရိပ်သာအနီးတွင် ထပ်မံပေါက်ကွဲကာ ထိုဗုံးပေါက်ကွဲသော နေရာသို့ လာရောက်သော ရဲကားနှင့် စစ်ကောင်စီကားကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိမှုများရှိကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဒီမနက်အစောပိုင်း ရှစ်နာရီလောက် မှာရဲမှူးအိမ်အရင်ပေါက်တာဟုတ်တယ်။ ပြီးတော့ ဘောလုံးကွင်းနားမှာထပ်ပေါက်တယ်။ အဲဒီပေါက်ကွဲမှုတွေက ရဲနဲ့စစ်သားတွေလာအောင် အယောင် ပြ ဖောက်ခွဲတာပေါ့နော်။ ဆယ်နာရီလောက် မှာ အဲဒီဗုံးပေါက်ကွဲတဲ့နေရာကိုလာရောက်တဲ့ ရဲနဲ့စစ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ဒုရဲမှူးတစ်ဦးသေတယ်။ လေးဦးဒဏ်ရာရတယ်။ဘယ်အဖွဲ့တွေလုပ်တယ်ဆိုတာတော့မသိဘူး "ဟု ဒေသခံက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ဒုရဲမှူးတစ်ဦးသေဆုံးပြီး ရဲ (၄) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်သား တစ်ဦးလည်း သေဆုံးခဲ့ကာ  (၄)ဥဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါအရပ်သားများသည် ရဲနှင့်စစ်ကား ဘေးနားတွင်ကပ်ပါလာသောကြောင့် ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...