မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား ကုန်တင်ယာဉ် ၂ စီး မီးလောင်

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား ကုန်တင်ယာဉ် ၂ စီး မီးလောင်

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီခရိုင် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မတ်လ ၂၇ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာရှလမ်းမကြီး တောနော် ရေတံခွန် အနီး တိုက်ပွဲ ဖြစ်ပွားရာ ကုန်တင်ယာဉ် နှစ်စီး မီးလောင်နေကြောင်း ကုန်တင်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။

“တိုက်ပွဲ ဖြစ်နေတယ်ဗျ၊ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတယ်လို့ ပြောတယ်၊ ကျနော်တို့က ဆင်းမရတော့ (မြဝတီ) အောက်က မိတ်ဆွေတွေက ပြောတယ်၊ လမ်းမှာ ကုန်ကားနှစ်စီး မီးရှို့ ခံထားတယ်တဲ့၊ ဘာအမျိုးစားလဲတော့ မသိသေးဘူးဗျ၊ အခု အားလုံး ပိတ်နေကြတယ်၊ နောက်ပြန်လှည့်တဲ့ သူတွေလည်း ရှိတယ်၊ အခြေနေ စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိတယ်ဗျ” ဟု ၁၂ ဘီး ယာဉ်မောင်းက ပြောသည်။

အဆိုပါ ကားမီးရှို့ခံရမှုနှင့် ထိခိုက်မှု အခြေနေများကို မဇ္ဇျိမက စုံစမ်းနေဆဲ ဖြစ်သည်။

အာရှ ကားလမ်းမ အသုံးပြုပြီး စစ်ကောင်စီတပ် အင်အား ဖြည့်တင်းခြင်းကြောင့် ယနေ့မှ စတင်၍ ယင်းလမ်း အသုံးပြု ကူးသန်း ရောင်းဝယ်ခြင်း မပြုရန်နှင့် လမ်းကို ယာယီ ပိတ်ထားကြောင်း KNU က ထုတ်ပြန်ထားသည်။

ယမန်နေ့က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ သေ့ဘောဘိုးဒေသတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အကျအဆုံးများ၍ လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...