ကဆုန့်ကျေးရွာအနီး KIA တပ်မဟာ(၂) အောက် တပ်ရင်း(၁၁) နေရာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကဆုန့်ကျေးရွာအနီး KIA တပ်မဟာ(၂) အောက် တပ်ရင်း(၁၁) နေရာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ကဆုန့်ကျေးရွာအနီးကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ (၂)အောက် တပ်ရင်း (၁၁) တပ်စွဲနေထိုင်သည့် နေရာအား မတ်လ ၂၇ ရက် မနက် (၃)နာရီဝန်းကျင်အချိန် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီမနက်(၃)နာရီလောက် မှာ စစ်တပ်ကကျွန်တော်တို့ စခန်းကိုလေယာဥ်နဲ့လာပစ်သွားတာ။ သူတို့ပစ်တဲ့နေရာက လူမနေတဲ့နေရာဟုတ်တယ်။ရုံးအနေနဲ့အသုံးပြုတဲ့အိမ်တော့ ထိတယ်ထင်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ယင်းအပြင် မတ်လ (၁၉)ရက်နေ့တွင်လည်း KIA တပ်ရင်း(၁၁) မှ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ် (၂၁) မိုင်ဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...