ကဆုန့်ကျေးရွာအနီး KIA တပ်မဟာ(၂) အောက် တပ်ရင်း(၁၁) နေရာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကဆုန့်ကျေးရွာအနီး KIA တပ်မဟာ(၂) အောက် တပ်ရင်း(၁၁) နေရာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ကဆုန့်ကျေးရွာအနီးကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ (၂)အောက် တပ်ရင်း (၁၁) တပ်စွဲနေထိုင်သည့် နေရာအား မတ်လ ၂၇ ရက် မနက် (၃)နာရီဝန်းကျင်အချိန် စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီမနက်(၃)နာရီလောက် မှာ စစ်တပ်ကကျွန်တော်တို့ စခန်းကိုလေယာဥ်နဲ့လာပစ်သွားတာ။ သူတို့ပစ်တဲ့နေရာက လူမနေတဲ့နေရာဟုတ်တယ်။ရုံးအနေနဲ့အသုံးပြုတဲ့အိမ်တော့ ထိတယ်ထင်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ယင်းအပြင် မတ်လ (၁၉)ရက်နေ့တွင်လည်း KIA တပ်ရင်း(၁၁) မှ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ် (၂၁) မိုင်ဂိတ်ကိုသွားရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...