မုံရွာမြို့က လူမှုကယ်ဆယ်ရေးအသင်းကားအား မှားယွင်းဖောက်ခွဲမိကြောင်း ကာကွယ်ရေးအဖွဲ့ တောင်းပန်

မုံရွာမြို့က လူမှုကယ်ဆယ်ရေးအသင်းကားအား မှားယွင်းဖောက်ခွဲမိကြောင်း ကာကွယ်ရေးအဖွဲ့ တောင်းပန်
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့  (မုံရွာမြို့)
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာမြို့) အသင်း၏ ကားအား မှားယွင်း ဖောက်ခွဲမိသည့်အတွက် ဝမ်းနည်းညိုးငယ်စွာ ဝန်ချတောင်းပန်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ယက္ခညီနောင်မှ ယနေ့ မတ်လ ၂၃ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂၂ရက် ည ၁၀နာရီ ၂၅မိနစ်တွင် စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် စောင့်ဆိုင်းနေစဉ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ၏ ကျန်းမာရေးကားအား မှားယွင်း ဖောက်ခွဲမိကြောင်းဆိုသည်။

ယင်းကိစ္စသိသိချင်း ၎င်းတို့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊  လူမှုကယ် ဆယ်ရေးအသင်းကြီး၏ လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်နေမှုများအား မကြည့်ခဲ့ရကြောင်းနှင့် မီးပျက်နေသောအခြေအနေများကြောင့် ဖြစ်ခဲ့ရကြောင်း သိရသည်။

အသင်းကြီး၏ လူများထိခိုက်မှုမရှိသည့် သတင်းကြားရသည့်အတွက်ဝမ်းမြောက်ခဲ့ရပြီး ယခုကဲ့သို့မှားယွင်းမှုအတွက် အများပြည်သူ သိအောင် ဝန်ချတောင်းပန်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မုံရွာမြို့) ကျေနပ်သည်အထိ ကိစ္စအဝဝ အား တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်းဆိုသည်။

နောက်နောင် ယခုကဲ့သို့ ကိစ္စများ မဖြစ်ပေါ်စေရန် အထူးဂရုစိုက်လုပ်ဆောင် သွားမည်ဖြစ်ပြီး စစ်ကောင်စီ အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

တာဝန်ယူမှု၊  တာဝန်ခံမှု ရှိစွာဖြင့် စာထုတ်တောင်းပန်ခြင်းအား ကျေးဇူးတင်ကြောင်းနှင့် မကြာခင် အကောင်းဆုံးများနှင့် ပြန်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအသင်း ဥက္ကဌ ကိုစိန်ကိုကိုမှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

၎င်းတို့၏ ပျက်စီးသွားသော ကားနှင့် အတူ အခြားကားများအားလည်း စစ်ဆေး ပြုပြင်ရန် အချိန်အနည်းငယ်ယူပြီးနောက်တွင် ယခင်ကဲ့သို့ ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သွားမည်းဖြစ်ကြောင်း မဇ္ဈိမက တစ်ဆင့်အသိပေးပြောကြားသည်။

လူမှုကယ်ဆယ်ရေးအသင်းပိုင်ကား ဖောက်ခွဲခံရခြင်း နှင့် အသင်းသားများ၏ လုံခြုံရေး အသက်အန္တရာယ် စိုးရိမ်ရခြင်းကြောင့် အကြောင်းတစုံတရာမသိရသေးသည့် အချိန်အတွင်း မတ်လ ၂၃ရက်မှစ၍ ကူညီ မှုများကိုအကန့်အသတ်မရှိ ရပ်နားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောကြားလိုက်သည့်နောက်တွင် ထိုကဲ့သို့ တောင်းပန်လာခြင်းဖြစ်ကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...