ဇေကမ္ဘာပြတိုက် ဝန်ထမ်း ၁၂ ဦး ဖမ်းဆီးခံထားရ

ဇေကမ္ဘာပြတိုက် ဝန်ထမ်း ၁၂ ဦး ဖမ်းဆီးခံထားရ

ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ တို့ကို မတ် ၂၂ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ဖမ်းဆီး ပြီးနောက် ဇေကမ္ဘာ ပြတိုက် ဝန်ထမ်း ၁၂ ဦးကိုလည်း အဆိုပါ နေ့တွင်ပင် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဖမ်းဆီး ခံထားရသည့် ဝန်ထမ်း ၁၂ ဦးသည် ယခုအချိန် အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘဲ ရိုက်နှက် စစ်ဆေးမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဖမ်းသွားတဲ့ ဝန်ထမ်းတွေလည်း အခုထိ ပြန်မလွတ်သေးဘူး။ နှစ်ရက်တောင် ရှိပြီ။ ရိုက်နှက် စစ်ဆေး နေတယ်လို့လည်း ကြားရတော့ မိသားစုတွေလည်း ငိုနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ တို့သည်လည်း ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း စစ်ကောင်စီနှင့် ညှိနှိုင်း ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

လတ်တလောတွင် ဇေကမ္ဘာဝန်း အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ အများအပြား လုံခြုံရေး ယူထားသည်ဟု ယင်းဝန်းအတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် စာများအရ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ (၂၄) ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗဟန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...