ကန်ပက်လက်မြို့နယ် ခိတော်ရွာကို စစ်ကောင်စီတပ် ဝင်‌ရောက် မီးရှို့ဖျက်ဆီး

ကန်ပက်လက်မြို့နယ် ခိတော်ရွာကို စစ်ကောင်စီတပ် ဝင်‌ရောက် မီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ၊ကန်ပက်လက်မြို့နယ်တွင်စစ်ကြောင်းထိုးလာသည့် တပ်မ (၅၅)လက်အောက်ခံ တပ်ဖွဲ့များက မတ်လ ၁၈ရက်တွင် ခိတော်ရွာထဲသို့ ဝင်ရောက်ကာ နေအိမ်၊ဆန်၊ဆေးဝါးများ၊ကွန်ပျူတာ ၊ဆိုင်ကယ်၊ဆိုလာပြားများနှင့် မီးစက်များကိုမီးရှို့ဖျက်ဆီးသွားကြောင်းဒေသခံထံက သိရသည်။

ကန်ပက်လက်မြို့နယ်အခြေပြု CDF-ကန်ပက်လက်နှင့် စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၇ ရက်မှ စတင်ပြီး ယနေ့ချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကာ လတ်တလောတွင်လည်းCDF-ကန်ပက်လက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်ထားရသည်။

''ခိတော်ရွာဆိုတာက ကန်ပက်လက်မြို့ကနေ ၁၈မိုင်လောက်ဝေးတယ်။ ကျောက်တောင်ရဲ့အပေါ်ဘက်နှင့် မကြားရွာ အောက်ဘက်ခြမ်းမှာရှိတဲ့ရွာဖြစ်တယ်။ အဲဒါကို တပ်မ (၅၅)တပ်တွေကဝင်လာပြီး ဆန်အိတ်တွေ စားရိက္ခာတွေကို အားလုံးကိုပုံပြီး မီးရှို့သွားတယ်။ ရွာမှာတပ်ထားတဲ့ ဆိုလာပြားနဲ့ ဘက်ထရီအိုးတွေ၊ မီးစက်တွေ၊ဆိုင်ကယ်တွေနဲ့ ချိန်းဆော တွေက အစအားလုံးဖျက်ဆီးပြီးမီးရှို့ပစ်ခဲ့ကြတယ်''ဟု ခိတော်ရွာသားတစ်ဦးကပြောသည်။

လက်ရှိ ကန်ပက်လက်နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် CDF-ကန်ပက်လက် ၊ CDF-မင်းတပ် ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (The Youth Force )၊ ဆော - PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွါးများပြင်းထန်လျက်ရှိသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများတွင် မင်းတပ်မြို့ အထိုင်တပ် ခလရ (၂၇၄ )တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဘက်မှ လက်နက်ကြီး ပစ်ကူတောက်လျှောက်ပေးနေသည့် အတွက် ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်နေရသည် ဟုလည်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...