လာမည့် ဧပြီလအတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ပိုမို များပြားလာနိုင်

လာမည့် ဧပြီလအတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ပိုမို များပြားလာနိုင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် လာမည့် ဧပြီလတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုများပြားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ လျှပ်စစ်မီး သုံးစွဲမှု ရှောင်ရှားကြရန် ဘူးဂါးကုမ္ပဏီလိမိတက်၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးမှ အသိပေး နှိုးဆော်ထားသည်။

ဓာတ်အားလုံလောက်မှု မရှိသည့်အတွက် နိုင်ငံအနှံ့ လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့နေသည့် ကာလတွင် ဘူးဂါးလျှပ်စစ်ကုမ္ပဏီ၏ ရေအားလျှပ်စစ် စက်ရုံများတွင်လည်း ရေခမ်းခြောက်လာမှုကြောင့် ဓာတ်အားရရှိမှု နည်းပါးလာနိုင်သည်ဟု ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး မန်နေဂျာ ဦးလအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဘူးဂါးကုမ္ပဏီလိမိတက်ရဲ့ ရေအားလျှပ်စစ်စက်ရုံတွေကနေ ရေရရှိမှုက လျော့နည်းလာ ထုတ်လှုပ်မှုအင်အား လျော့ကျလာတဲ့အတွက် ဖြစ်တယ်။လက်ရှိ (၂၄) မဂ္ဂါဝပ်ရှိတဲ့ စက်ရုံနှစ်ရုံရဲ့အင်အားက (၇) မဂ္ဂါဝပ်တောင် မနည်းထုတ်ယူနေရတယ်။ရေမရလို့ပေါ့။ နိုင်ငံတော်ဓာတ်အားစနစ်ကလည်း လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာပဲ။ မြစ်ကြီးနားမှာ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ဖြန့်ဖြူးနေရတော့ ရရှိတဲ့ ဓာတ်အားမလုံလောက်မှုပေါ့။ “ ဟု ဦးလအောင်က ဆိုသည်။

ဆေးရုံကဲ့သို့ သော အရေးကြီးသည့်နေရာများမှ အပ ရပ်ကွက်တစ်ခုလျှင် အနည်းဆုံး (၆)နာရီခန့် ဓာတ်အားပြတ်တောက်နိုင်သည့်အပြင် မိုးရေမရရှိပါက လာမည့်လတွင် ဓာတ်အားပိုမိုပြတ်တောက်လာနိုင်ကြောင်း ဆက်လက်ဆိုသည်။

ဘူးဂါးလျှပ်စစ်ကုမ္ပဏီ၏ အထက်မလိခ နှင့် အောက်မလိခ ရေအားလျှပ်စစ်စက်ရုံများတွင် နှစ်စဉ် ရေခမ်းခြောက်မှု ပိုမိုဖြစ်ပေါ်လာသည့်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှု တစ်နှစ်ထက်တစ်နှစ် လျော့ကျလာကြောင်းလည်း သိရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...