မုန်တိုင်း အာစနီ ပိုမိုအားကောင်းလာ၊ ဧရာဝတီတိုင်းသို့ ဝင်ရောက်နိုင်

မုန်တိုင်း အာစနီ ပိုမိုအားကောင်းလာ၊ ဧရာဝတီတိုင်းသို့ ဝင်ရောက်နိုင်

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားနေသည့် မုန်တိုင်း အာစနီ သည် ပိုမို အားကောင်း လာနေပြီး မတ်လ ၂၁ ရက်နေ့ ညသန်းခေါင်တွင် မြန်မာနိုင်ငံ အတွင်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင် အချို့က သုံးသပ်သည်။

“သူဝင်မယ့် နေရာ အတိအကျ မဟုတ်တောင်မှ ခန့်မှန်းရပြီး သလောက်ဆိုရင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းက သေချာသလောက် ရှိပြီပေါ့။ မုန်တိုင်း ဒီရေကလည်း ၁၀ ပေ၊ ၁၂ ပေလောက် တက်လာနိုင်တဲ့ အတွက် ကမ်းခြေနား နေတဲ့ ပြည်သူလူထု အနေနဲ့ အထူး သတိထားဖို့ လိုပါမယ်” ဟု မိုးလေဝသ ပညာရပ်များ ၁ဝ နှစ်ကျော် လေ့လာခဲ့သူ ဦးဝင်းနိုင် ကဆိုသည်။

မုန်တိုင်း လေပြင်း သက်ရောက်မှု နာဂစ် မုန်တိုင်းကဲ့သို့ မပြင်းထန် သော်လည်း တစ်နာရီ မိုင် ၅၀ မှ ၅၅ မိုင်နှုန်း အထိ တိုက်ခတ်နိုင်ကြောင်း ပြောသည်။ အဆိုပါ မုန်တိုင်းသည် မြောက်ဘက်ကို တစ်နာရီ ကိုးမိုင်ကျော် (8 knots) ဖြင့် ရွေ့လျားနေပြီး မုန်တိုင်း အချင်းမှာ မိုင် ၂၅၀ ခန့်အထိ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ဦးတည်နေသော မုန်တိုင်း အာစနီသည် လာမည့် ၁၂ နာရီ အတွင်း အားကောင်းသည့် မုန်တိုင်း ဖြစ်လာပြီး နောက်ထပ် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ရောက်ရှိ လာမည်ဟု စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ် မုတ္တမ ပင်လယ်ကွေ့ ဒေသများတွင် မိုးကြီး လေထန်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

 
 

 

 

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...