နိုင်ငံတကာလေကြောင်းလိုင်းတွေကို နှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန်ပြေးဆွဲခွင့်ပြု

နိုင်ငံတကာလေကြောင်းလိုင်းတွေကို နှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန်ပြေးဆွဲခွင့်ပြု

Covid19 ကြောင့် နှစ်နှစ်ကြာအောင်ပိတ်ထားတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို လာမယ့်နှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန်ပြေးဆွဲခွင့်ပြုမယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနည်းလာခြင်း ၊ သေဆုံးမှုတွေအလွန်ကျဆင်းလာတာကြောင့်နဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့  ခွင့်ပြုခြင်းဖြစ်တယ်လို့ မတ်လ (၁၈) ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

၂၀၂၀ခုနှစ် မတ် ၂၉ ရက်နဲ့ စစ်ကောင်စီကချမှတ်ထားတဲ့ ကိုဗစ် 19 ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံကို ဝင်ရောက်ဆင်းသက်ခြင်း ယာယီကန့်သတ်ချက်တွေကို ဧပြီလ ၁၆ ရက်နေ့အထိသာ ကန့်သတ်ထားမယ်လို့ဆိုပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကနေဝင်လာမယ့်သူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပုံမှန်ပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်တဲ့ ပြည်ပလေကြောင်းလိုင်း (၃၀) ကျော်ရှိပြီး လက်ရှိမှာ ကယ်ဆယ်ရေးလေယာဉ်တွေအနည်းငယ်သာရှိပါတယ်။

Covid19 ကူးစက်မှုက မြန်မာနိုင်ငံမှာ ၆ သိန်းအထိရှိပြီး သေဆုံးသူ ၂ သောင်းနီးပါးရှိနေတာလည်းဖြစ်ပါတယ်။

 
 

 

 

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...