ထားဝယ်-ထီးခီးလမ်း၌ ဖြတ်သန်းသွားလာခြင်း မပြုရန် KNDO သတိပေး

ထားဝယ်-ထီးခီးလမ်း၌ ဖြတ်သန်းသွားလာခြင်း မပြုရန် KNDO သတိပေး

မြန်မာ-ထိုင်း နယ်စပ်၊ ထားဝယ်-ထီးခီး-မေတ္တာလမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များ တပ်ဖြန့်နေ၍ စစ်ရေး တင်းမာနိုင်သောကြောင့် ပြည်သူများ မလိုအပ်ဘဲ ဖြတ်သန်း သွားလာခြင်း မပြုရန် မြိတ်-ထားဝယ်ခရိုင် KNDO တပ်ရင်းမှူး ဗိုလ်မှူးစောကောလာ ကပြောသည်။

အဆိုပါ လမ်းပိုင်း၌ မတ်လ ၁၃ ရက်နေ့က KNDO အထူးတပ်ရင်းနှင့် တိုက်ပွဲတွင် ကလိန်အောင် အခြေစိုက် စစ်ကောင်စီ ခ.လ.ရ (၂၆၇)တပ် ဒုတပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း အချို့ သိမ်းဆည်းခဲ့ကြောင်း ၎င်းကဆိုသည်။

"အခု ရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က အများပြည်သူ ကားတွေနဲ့ ထားဝယ်-ထီးခီး လမ်းပိုင်းမှာ သွားလာနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့က ပြည်သူတွေလား စစ်ကောင်စီ တပ်ဖွဲ့တွေလား ဆိုတာ ခန့်မှန်းရ ခက်နေပါတယ်" ဟု ၎င်းကရှင်းပြသည်။

ထားဝယ်-ထီးခီး-ခမောင်းသွယ်နှင့် မေတ္တာလမ်းပိုင်းရှိ ကျေးရွာများနေ ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန်နှင့် မဖြစ်မနေ သွားလာရန် လိုအပ်ပါက ကားမှန်ချ မောင်းပေးရန် KNDO က သတိပေးထားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...