ကြည်မြင်တိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရ၊ အိမ်ဝင်းအတွင်းက ကားကို ချိန်ကိုက်မိုင်းဖြင့်ပါ ဖောက်ခွဲ

ကြည်မြင်တိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရ၊ အိမ်ဝင်းအတွင်းက ကားကို ချိန်ကိုက်မိုင်းဖြင့်ပါ ဖောက်ခွဲ

ရန်ကုန်တိုင်း၊ ကြည်မြင်တိုင်မြို့နယ်၊ သရက်တော(၅)လမ်းရှိ အုပ်ချုပ်ရေးမှူး မြင့်ထွေးဆိုသူ၏ နေအိမ်ကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ၎င်း၏ ကားကိုပါ ချိန်ကိုက်မိုင်း တပ်ဆင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ၏ ထောက်တိုင် အဖြစ် လုပ်ကိုင်နေခြင်း၊ သပိတ်လူငယ်များအား ဖမ်းဆီးရာတွင်ပါဝင်ခြင်း တို့ကြောင့် ထိုသို့ပြုလုပ်ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည့် အဖွဲ့တာဝန်ရှိသူထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် ကား ထိခိုက်သွားကြောင်း၊ တိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွါလာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် တိုင်းပြည်အာဏာ သိမ်းယူပြီး နောက် ၎င်း၏ အခြေခံထောက်တိုင် အုပ်ချုပ်ရေးမှူးများ နေ့စဥ်နီးပါး ရှင်းလင်းခံနေရပြီး ရန်ကုန်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ နုတ်မထွက်ပါက အသက်ဘေးကို အာမခံမည် မဟုတ်ကြောင်း ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေး ချက်များ ထုတ်ပြန်ထားသည်။

စစ်ကောင်စီအလိုကျ အကြမ်းဖက်အားပေး အုပ်ချုပ်ရေးမှူးများသည် အပြစ်မဲ့ပြည်သူများကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခြင်း၊

လက်သည် မပေါ်သည့် အမှုများအတွက် တရားခံ ရှာရန် ရဲများနှင့်ပူးပေါင်း လုပ်ဆောင်နေခြင်းအပြင် တော်လှန်ရေးသမား လူငယ်များစွာ ဖမ်းဆီး နှိပ်စက်ခံရမှုများအတွက်လည်း အဓိက တာဝန်ရှိသူ စာရင်းတွင်ပါဝင်သည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...