တောင်ယာသွားသူများကို ဆန်တစ်ရက်စာအပြင် ပိုမိုသယ်ဆောင်ပါက ပစ်သတ်မည်ဟု ပြည်သူ့စစ် ခြိမ်းခြောက်

တောင်ယာသွားသူများကို ဆန်တစ်ရက်စာအပြင် ပိုမိုသယ်ဆောင်ပါက ပစ်သတ်မည်ဟု ပြည်သူ့စစ် ခြိမ်းခြောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် တောင်ယာခင်းသွားသည့် ပြည်သူများကို ဆန်တစ်ရက်စာအပြင် ပိုမိုသယ်ဆောင်ပါက ပစ်သတ်မည်ဟု ပြည်သူ့စစ်များက ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

တောင်ယာခင်း သွားသည့် ‌ဒေသခံပြည်သူများ အနေဖြင့် တစ်နေ့စာအဖို့သာ ယူဆောင်သွားရမည်ဖြစ်ပြီး မလိုက်နာသည့် သူများကို ပစ်သတ်မည်ဟု လွန်ခဲ့သည့် တစ်ပတ်‌ကျော်ကတည်းက ပြည်သူ့စစ် စစ်သားများ ပြောဆိုထားကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တောင်ယာခင်းတွေဆီ စပါးတွေ သွားယူတဲ့ သူတွေကို ပစ်မယ်ဆိုပြီး အမိန့်ချထားတယ်တဲ့။ ပြည်သူတွေ အနေနဲ့ တောင်ယာတွေမှာ စပါးထားတာတွေ သွားသယ်တာတွေ မလုပ်ဖို့ပေါ့။ ပစ်ဖို့ အမိန့်ရှိပြီဆိုပြီး ပြောနေကြတယ်။ သွားရင်လည်း တစ်နေ့စားဖို့ပဲ သယ်သွားခွင့် ရှိတဲ့ အနေအထား ဖြစ်နေတယ်။ တောင်ယာခင်းသွားရင်လည်း အများကြီး သယ်သွားလို့လည်း မရဘူးပေါ့။”ဟု ဆိုသည်။

ယင်းသို့ ခြိမ်းခြောက်ထားခြင်းကြောင့် ပြည်သူများက တောင်ယာခင်းသို့ သွားရန်အတွက် ကြောက်လန့်နေရကြောင်းလည်း သိရသည်။

လက်ရှိ နောင်မွန်မြို့နယ်ရှိ ကျေးရွာ(၁၀)ရွာ ဝန်းကျင်တွင် ယခုကဲ့သို့ တောင်ယာခင်းသွားသူများကို ဆန်များကို လိုအပ်သည်ထက် ပိုမိုသယ်‌ဆောင်သွားလာခွင့် မပြုရန် ပြောကြားထား‌ကြောင်းနှင့် ယင်းနေရာရှိ ဒေသခံပြည်သူ အများစုသည် လယ်ယာခင်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် ကျေးရွာများ ဖြစ်ကြောင်းလည်း သိရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...