Published
Wednesday, March 16, 2022
ပဋိပက္ခကာလမှာ ရွာသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အမျိုးသမီးတွေကို KWO က အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်။ (မတ်လ ၁၆ ရက်နေ့၊ ၂၀၂၂)
- မူတြော်ခရိုင် မယ်ဝေ အခြေစိုက် စစ်ကောင်စီတပ်ကို KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖက်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
- မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ကုန်တင်ယာဉ် ၂ စီးနဲ့ မှန်လုံယာဉ် ၁ စီး ပစ်ခတ် မီးရှို့ခံရပြီးတဲ့နောက် ယာဉ်သွားလာမှုတွေ မရှိသလောက် နည်းပါးသွားခဲ့ပါတယ်။
- ပဋိပက္ခကာလအတွင်း ရွာသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတွေကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)က အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။






