ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ချင်းအမျိုးသားကောင်စီ(CNC)အောက်မှာ စုစည်းနိုင်ရေး ကြိုးပမ်းနေ

ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ချင်းအမျိုးသားကောင်စီ(CNC)အောက်မှာ စုစည်းနိုင်ရေး ကြိုးပမ်းနေ

- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့ ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို ချင်းအမျိုးသားကောင်စီ (CNC) ဆိုတဲ့နာမည်အောက်မှာ ပူးပေါင်းစုစည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ချင်းလဲန်းကောင်စီ က ပြောပါတယ်။ 

- အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးပြီး ၁၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA က ပြောပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို ပို့ဆောင်မယ့် ကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော်ကို ဖမ်းဆီးရမိထားတယ်လို့ CCDAC MYANMAR က ပြောပါတယ်။

September 19, 2026
- မွန်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာမှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ...
September 19, 2026
- ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းမှာ စုန်ဆင်း၊ ဆန်တက်နေတဲ့ စစ်တပ်ရဲ့စစ်သင်္ဘောအပါအဝင်...
September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...