ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေလျှော့ချနိုင်ဖို့ ပညာပေးလုပ်ငန်းပိုမိုလုပ်ဆောင်ဖို့လိုအပ်

ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေလျှော့ချနိုင်ဖို့ ပညာပေးလုပ်ငန်းပိုမိုလုပ်ဆောင်ဖို့လိုအပ်

- ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေ မြင့်မားနေသေးတာကြောင့် လျှော့ချနိုင်ဖို့ ပညာပေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က ပြောပါတယ်။

- ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ကစူးပါကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ဖျားနာနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေပါတယ်။

- ဒီနှစ်မှာ ဝက်စျေးကျဆင်းပြီး ဝယ်ယူသူရှားပါးတာကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာ မွေးမြူထားတဲ့ ဝက်ပေါက်တွေ ရောင်းချဖို့ ခက်ခဲနေပါတယ်။ အရင်နှစ်က ဝက်ပေါက်တစ်ကောင်ကို ကျပ်လေးသိန်းအထိ ရခဲ့ပေမဲ့ ဒီနှစ်မှာ နှစ်သိန်းခွဲဝန်းကျင်သာ ရရှိပါတယ်။ စားဝတ်နေရေးပြေလည်ဖို့ ဝက်မွေးမြူနေကြပေမဲ့ အခက်တွေ့နေတဲ့ စစ်ဘေးရှောင်တွေရဲ့အသံကိုလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

August 29, 2026
- ကချင်ပြည်နယ် ဗန်းမော်ဘက်ကို အင်အားဖြည့်ဖို့ ရေလမ်းကြောင်းကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့...
August 28, 2026
- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...
August 26, 2026
- တိုက်ပွဲနီးကပ်လာတာကြောင့် မြဝတီမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေ လေကြောင်းနဲ့...