စက်သုံးဆီစျေးနှုန်း မြင့်တက်နေမှုကြောင့် မြစ်ဖျားဧရာအဝေးပြေး ယာဉ််လိုင်းအများစု ရက်ခြားပြေးဆွဲ

စက်သုံးဆီစျေးနှုန်း မြင့်တက်နေမှုကြောင့် မြစ်ဖျားဧရာအဝေးပြေး ယာဉ််လိုင်းအများစု ရက်ခြားပြေးဆွဲ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းက မော်တော်ယာဉ်လိုင်း အများစုဟာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ခရီးစဉ်များကို ရက်ခြား ပြေးဆွဲနေရသည်ဟု ယာဉ်များကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ထားသည့် ယာဉ်အသင်းအားလုံး ပြေးဆွဲလျက်ရှိပြီး တရားဝင်စာတင်ပြကာ ရပ်နားသွားသည့် ယာဉ်အသင်း မရှိကြောင်း ယာဉ်များကြီးကြပ်ရေးကော်မတီ ဥက္ကဌက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဆီဈေးတွေ မြင့်တက်တော့ နေ့တိုင်းမပြေးတော့ဘဲနဲ့ ရက်ခြားနဲ့ ပြေးနေကြတယ်။ တချို့ထွက်တဲ့ယာဉ်လိုင်းလည်း ထွက်တာပေါ့။ မြစ်ကြီးနား -ရန်ကုန်တွေကတော့ နေ့စဉ်မပြေးနိုင်ကြဘူး ဖြစ်နေတယ်။ တရားဝင် ရပ်နားတဲ့ ယာဉ်လိုင်းတော့ မရှိဘူး။  ကြိုးစားပြီး သူ့ရက်နဲ့သူ နှစ်ရက်ခြား တစ်ရက်ခြားတို့ ပြေးဆွဲကြတယ်။"ဟုဆိုသည်။

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခတိုးမြင့် ကောက်ခံခြင်းများရှိသော်လည်း ယာဉ်လိုင်းအားလုံး တိုးမြင့်ကောက်ခံခြင်း မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

"ဆီဈေးနည်းနည်းမြင့်တော့ ယာဉ်လိုင်းတွေကလည်း နည်းနည်းလေး တိုးကောက်တာလေးတွေ ရှိတာပေါ့။ယာဉ်အသင်းတွေက  တရားဝင်စာတော့ မတင်သေးပါဘူး။ဒါပေမဲ့ သူတို့အနေနဲ့ ညှိနှိုင်းမှုလုပ်တယ်။ ယာဉ်စီးခက တက်တဲ့အသင်းက တက်တယ်။ မတက်တဲ့ အသင်းက မတက်ဘူး အဲလိုဖြစ်နေတော့ မသေချာဘူးပေါ့။ "ဟု အထက်ပါ ဥက္ကဌက ရှင်းပြသည်။

ကချင်ပြည်နယ်တွင် တိုင်းနှင့်ပြည်နယ်အသီးသီးကို ပြေးဆွဲနေသည့် တရားဝင်မှတ်ပုံတင်ရ ယာဉ်အသင်း (၁၀၆)သင်း ရှိကြောင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ စက်သုံးဆီဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန် ၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး မြစ်ကြီနားမြို့တွင် ဓါတ်ဆီ(92) တစ်လီတာလျှင် 2400 ကျပ်ဝန်းကျင် ပေါက်စျေးရှိသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...