သူရဦးအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရ

သူရဦးအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရ

သူရဦးအောင်ကိုအား စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ယမန်နေ့ မတ်လ ၁၄ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးတာဝန်ထမ်းဆောင်သည့် သူရဦးအောင်ကိုမှာ အဂတိလိုက်စားသည်ဟုဆိုကာ ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာတွင် ယင်းသို့အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။

သူရဦးအောင်ကိုသည် သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ရှစ် မျိုးအား နှစ်စဉ် ချီးမြှင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ကျပ် သိန်း ၁၀၀ နှင့် ကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင်အား လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင် တစ်ဦးမှ ပေးသည့်ကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီး လက်ခံရယူခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်အားလက်ခံရယူခဲ့ခြင်းတို့ကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ အဂတိကော်မရှင်ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မတ် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ရာဇသတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...