ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည်ဟု ရေးမြို့အုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထား

ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည်ဟု ရေးမြို့အုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထား
ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည့် ကြော်ငြာဆိုင်းပုဒ် (Photo: DVB)
ရေးဘီလူးအဖွဲ့အား ဖမ်းနိုင်သူကို ဆုကြေးချီးမြှင့်မည့် ကြော်ငြာဆိုင်းပုဒ် (Photo: DVB)

မွန်ပြည်နယ် ရေးမြို့နယ် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရေးဘီလူး ဒေသကာကွယ်ရေးတပ် (PDF) အဖွဲ့ကို ဖမ်းနိုင်သူအား ဆုကြေးချီးမြှင့်မည်ဟု အုပ်ချုပ်ရေးရုံး၌ ဆိုင်းပုဒ်ထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဆိုင်းပုဒ်ကို အောင်မေတ္တာ ရပ်ကွက်ရုံးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးရှေ့တို့တွင်  ဆိုင်းပုဒ်ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဆိုင်းပုဒ်အကြီးကြီးနဲ့ ထောင်ထားတာ ၃၊ ၄ ရက် လောက်ရှိပြီ၊ PDF တွေကို ဖမ်းနိုင်ရင် ဆုကြေးပေးမယ်ပေါ့၊ ကြံ့ခိုင်ရေးရုံးမှာလည်း အဲ့ဒါမျိုးတွေ့တယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ PDF တပ်ဖွဲ့သည် ပြည်သူများကို သတ်ဖြတ်နေခြင်းကြောင့် ယခုကဲ့သို့ ဆိုင်းပုဒ် တင်ထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ရေးဘီလူးအဖွဲ့ကို ဆက်သွယ်သူများ၊ ကူညီထောက်ပံ့သူများနှင့် လူမှုကွန်ရက်စာမျက်နှာတွင် Likeနှင့် share ပြုလုပ်ထားသူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း  အဆိုပါ ဆိုင်းပုဒ်တွင် ရေးသားထားသည်။

ရေးဘီလူးအဖွဲ့ လက်ချက်ဖြင့် ရေးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အငြိမ်းစားဗိုလ်မှူးတစ်ဦး၊ အလယ်တန်းပြကျောင်းဆရာမတစ်ဦး နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ယူဆထားသည်။

ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...
April 9, 2026
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း ပြုလုပ်မည့် မည်သည့် ပျော်ပွဲရွှင်ပွဲမျိုးမဆို...
April 8, 2026
စစ်အုပ်စုက လွှမ်းမိုးထားသည့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွှတ်ရေးပါတီမှ...