မန္တလေးမြို့တွင် ပေါက်ကွဲမှုကြောင့် သေဆုံးသည့် လူငယ် ၂ ဦး ရုပ်အလောင်း စစ်ကောင်စီတပ် ကောက်ခွင့်မပေး

မန္တလေးမြို့တွင် ပေါက်ကွဲမှုကြောင့် သေဆုံးသည့် လူငယ် ၂ ဦး ရုပ်အလောင်း စစ်ကောင်စီတပ် ကောက်ခွင့်မပေး

မန္တလေးမြို့တွင် ယမန်နေ့ မတ်လ ၁၄ ရက် ညပိုင်းက ဆိုင်ကယ် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် လူငယ် နှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ကောက်ခွင့် မပေးဘဲ ယနေ့ မတ်လ ၁၅ ရက် အထိ လမ်းပိတ်ထားကြောင်း မြို့ခံများထံက သိရသည်။

"မနေ့ညထဲက လမ်းပိတ်ထားတာ။ အခုထိ အဲ့ဒီ ရုပ်အလောင်းတွေကို ဒီအတိုင်း ထားထားတယ်။ ညကဆို ဘေးနား မကပ်အောင် ရမ်းပစ်နေတာ ဆက်တိုက်ပဲ" ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

သေဆုံးသူ လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ကောက်ခွင့် မပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း မြို့ခံများက ဝေဖန်သည်။

ထို့အပြင် ရုပ်အလောင်းများ အနီး ကင်းပုန်းများ ချကာ အရပ်ဝတ်၊ ယူနီဖောင်းဝတ်များဖြင့် ယနေ့အထိ စောင့်ကြည့်နေကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းဘေး လမ်းမပေါ်တွင် ဆိုင်ကယ် တစ်စီး အတွင်းမှ ဗုံးမတော်တဆ ပေါက်ကွဲပြီး သေဆုံးခဲ့သူ လူငယ်နှစ်ဦးမှာ အဖွဲ့ဝင်များ ဖြစ်ကြောင်း Mandalay Ranger Force အဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...