မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌ အပါအဝင် ဇနီးနှင့် ၇ လအရွယ် သမီးငယ်တို့ အသတ်ခံရ

မိုင်းကိုင်မြို့နယ် TNP ပါတီဥက္ကဋ္ဌ အပါအဝင် ဇနီးနှင့် ၇ လအရွယ် သမီးငယ်တို့ အသတ်ခံရ

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပျောက်ဆုံးခဲ့သည့် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီးနှင့် ခုနှစ်လအရွယ် သမီးငယ်တို့ အသတ် ခံခဲ့ရသည်။

မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ ၃ ရက်နှင့် ဇနီး အပါအဝင် ခုနှစ်လ အရွယ် သမီးငယ်တို့၏ ရုပ်အလောင်းကို မတ်လ ၉ ရက်တွင် ၎င်းတို့မိသားစု ပျောက်ဆုံးခဲ့သည့် မိုင်းကိုင်မြို့နယ် တုံလောရွာအနီး ပန်ပွဲရွာပိုင် တောင်ယာ အထက်ရှိ ထူထပ်သည့် တောထဲမှ ကျင်းကြီးတစ်ခု အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ မိသားစုကို သျှမ်းပြည်တပ်မတော ်(RCSS/SSA) က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် တွေ့သူ ပန်ပွဲရွာခံနှင့် RCSS တပ်ဖွဲ့မှ ထွက်ပြေးလာသည့် တအောင်း ပလောင် လူမျိုး တပ်သား တို့က အတည်ပြု ခဲ့ကြောင်း သိရသည်။

RCSS တပ်က မိုင်းနုမ်ဟန်ကို ဖမ်းဆီးခြင်း မရှိကြောင်း ငြင်းဆိုထား သော်လည်း ၎င်းဖမ်းဆီးခံရချိန် ဇန်နဝါရီလ ၁ဝ ရက်တွင် တုံလောနှင့် ပန်ပွဲရွာ တစ်ဝိုက်၌ RCSS တပ်ဖွဲ့သာ ရှိနေကြောင်း တုံလော၊ ပန်ပွဲရွာ တာဝန်ရှိသူများ ရွာခံများက အတည်ပြုထားပြီး မဟာမိတ် တပ်ပေါင်းစုတို့ ဇန်နဝါရီလ ၂၄ ရက်မှသာ တုံလောရွာဘက်သို့ ရောက်ရှိကြောင်း ဆိုသည်။

မိသားစုလိုက် ဖမ်းဆီး သတ်ဖြတ် ခံရမှု အပေါ် တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO)၊ တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်း နိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ ၏ ထိုင်းဖုန်းနံပါတ်ကို ဆက်သွယ် သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

မိုင်းနုမ်ဟန်နှင့် မိသားစု ရုပ်အလောင်းကို ယမန်နေ့ မတ်လ ၁၃ ရက်တွင် သင်္ဂြိုဟ်ရာ လူထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကားတိုက်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ရာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မိခင်နာရေး ပြုလုပ်သည့် မတ်ချိနုတ်ရွာမှ မြို့ပေါ်အပြန် တုံလောရွာ အထွက် RCSS တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...