ဘိုကလေး မြို့နယ်တွင် NLD ရပ်ကျေး ဥက္ကဌ အပါဝင် ပြည်သူ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

ဘိုကလေး မြို့နယ်တွင် NLD ရပ်ကျေး ဥက္ကဌ အပါဝင် ပြည်သူ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ဒေသခံ လေးဦးကို PDF နှင့် ဆက်သွယ်မှု ရှိသည်ဟု ဆိုကာ စစ်ကောင်စီ တပ်များက မတ်လ ၉ ရက်နေ့ နှင့် မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး သွားကြောင်း ဒေသခံများထံက သိရသည်။

ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီး ကျေးရွာမှ ဦးမြင့်စန်း၊ ဦးချိုဦးနှင့် ဇနီးဖြစ်သူတို့ကို မတ်လ ၉ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားပြီး ရွာသစ်ကျေးရွာမှ NLD ရပ်ကျေး ဥက္ကဌ ဦးတင်စိုးကို မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် မတရား စွပ်စွဲ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်နေ ရဲသတင်းပေး ရဲထွဋ်ဇော်ဆိုသူကို ဘိုကလေး PDF တပ်ဖွဲ့က မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း ဒေသခံများအား လိုက်လံဖမ်းဆီး နေခြင်း ဖြစ်သည်ဟု ဒေသခံက ဆိုသည်။

" လုပ်တဲ့သူတွေကို မမိတိုင်း ထင်ရာမြင်ရာတွေ စွတ်ဖမ်းနေတာ။ NLD ပါတီဝင် ဆိုရင် ရဲတွေနဲ့ စစ်တပ်တွေက ကြောက်နေ တာလား မသိဘူး။ အင်အား အများကြီးသုံးပြီးတော့ကို ဖမ်းတာ" ဟု ၎င်းက ပြောသည်။

"အဖမ်းခံရတဲ့သူတွေက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ သိတောင် မသိပါဘူး။ အဖမ်းခံရတဲ့ လူတွေရဲ့ နာမည်တောင် မကြားဖူးပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့နဲ့ လုံးဝ ပတ်သက်မှု မရှိတာကို မတရား စွပ်စွဲပြီး ဖမ်းသွားတာပါ" ဟု ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး ဘိုကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်များ ဖမ်းဆီးသွားသည့် ဒေသခံ လေးဦးကို ဘိုကလေးမြို့နယ် ရဲစခန်း၌ ဖမ်းဆီး ထားပြီး မိသားစုများနှင့် အဆက်အသွယ် မရသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...