စစ်ဘေးတိမ်းရှောင်နေရသည့် အင်စီးယန်ကျေးရွာတွင် စိတ်မကျန်းမာသည့် အမျိုးသားတစ်ဦး ကျန်ရှိနေ

စစ်ဘေးတိမ်းရှောင်နေရသည့် အင်စီးယန်ကျေးရွာတွင် စိတ်မကျန်းမာသည့် အမျိုးသားတစ်ဦး ကျန်ရှိနေ
တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆွမ်ပီယန် ကျေးရွာအနီးတစ်ဝိုက်မှ ပြည်သူများ
တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆွမ်ပီယန် ကျေးရွာအနီးတစ်ဝိုက်မှ ပြည်သူများ

ပူတာအိုမြို့နယ်၊ အင်စီးယန်ကျေးရွာတွင် စစ်‌ ရေးအခြေအနေအရ ကျေးရွာနေပြည်သူများ အားလုံး ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း စိတ်ကျန်းမာရေးခံစား‌ နေရသည့် အသက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး ကျန်နေခဲ့ကြောင်း သိရသည်။

စစ်ရေးပြင်းထန်နေသည့်ကြားက ထွက်ပြေးတိမ်းရှောင်လာရသောကြောင့် မိသားစုဝင်များအနေဖြင့် ခေါ်ထုတ်လာနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းကို ပြန်လည် ခေါ်ထုတ်နိုင်ရန် လက်ရှိအချိန်ထိ ကြိုးစားနေဆဲ ဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

" ကလေး(၂)ယောက်ရှိတယ်။ သူပဲ ရွာမှာ ကျန်ခဲ့တာ။ စိတ်ကျန်းမာရေးလည်း သိပ်မကောင်းဘူး၊ ဖျားလည်း ဖျားနေတယ်။ သေနတ်သံကြားကနေ ပြေးထွက်ရတယ်ဆို‌တော့ သူ့ကို ခေါ်မထုတ်နိုင်ခဲ့ဘူး။ ရွာမှာက ဘယ်သူမှ မရှိတော့ဘူး။   ကျွန်တော်တို့လည်း သွားခေါ်လို့ မရဘူးဖြစ်နေတယ်။ ရွာမှာနဲ့က လုံးဝကို အဆက်အသွယ် ပြတ်သွားပြီ။ သူက စိတ်ကျန်းမာရေးရောမကောင်းဘူး ဆိုတော့ သူကိုယ်တိုင်ရော မထွက်လာတတ်ဘူး ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိ ၎င်းကျန်ရစ်နေခဲ့သည်မှာ တစ်လကျော်ရှိလာပြီ ဖြစ်သောကြောင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြရကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ဆွမ်ပီယန်နဲ့က တစ်မိုင် ဝေးတယ်။ စစ်တပ်စခန်းဖြစ်တဲ့ ဆွမ်ပီယန်တပ်စခန်းနဲ့ ဆင်ဂတ်တောင် တပ်စခန်း နှစ်ခုကြားမှာ ရှိတာဆိုတော့ ဘယ်လိုမှ သွားခေါ်လို့ မရဘူးဖြစ်နေတယ်။ ရှင်တာလား ဘယ်လို ဖြစ်သွားပြီလဲ အရမ်းစိုးရိမ်နေရတယ်"ဟု ၎င်းက ဆိုသည်။

 ကျန်ရစ်ခဲ့သည့် သူ၏ မိသားစုဝင်များအနေဖြင့် ပြန်လည် ခေါ်ထုတ်နိုင်ရန် ကြိုးစားနေကြသော်လည်း  ရွာအဝင်လမ်းများတွင် စစ်ရေးအခြေအနေအရ သွားလာရန် အန္တရာယ်ရှိနေသောကြောင့် အခက်ကြုံနေရကြောင်းလည်း သိရသည်။

အင်ဆီယန်ကျေးရွာသည် လူဦးရေ(၁၀၀)ကျော်ရှိသည့် နေရာဖြစ်ပြီး လက်ရှိ ‌စစ်‌ရေးအရ ကျေးရွာနေပြည်သူအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...