ခရီးသွား တည်းခိုရာတွင် မှတ်ပုံတင် ပြရမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ချင်း စစ်ဘေးရှောင်များ အခက်တွေ့

ခရီးသွား တည်းခိုရာတွင် မှတ်ပုံတင် ပြရမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် ချင်း စစ်ဘေးရှောင်များ အခက်တွေ့

ခရီးသွား တည်းခိုမှုများ လုပ်လျှင် မှတ်ပုံတင် ပြရမည် ဆိုသည့် ထုတ်ပြန်ချက်ကြောင့် အခက်တွေ့ နေကြောင်း ချင်းပြည်နယ်မှ စစ်ဘေးရှောင်နေသူများက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို စစ်ကောင်စီက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လာမည့် ဧပြီ ၁ ရက်နေ့တွင် စတင်မည်ဟု ဆိုထားသည်။

'' ကျွန်မတို့က  မင်းတပ်ကနေ တိုက်ကြီးဘက် ခြမ်းမှာ ခဏ လာနေကြတာ။ အခန်းလေးငှားပြီး နေကြတယ်။ မှတ်ပုံတင်က ပျောက်နေတော့  ဝန်ထမ်းကတ်ကိုပဲ အသုံးပြုပြီး လာနေကြတာ။ အခု ဝန်ထမ်းကလည်း ထွက်လိုက်ပြီ ဆိုတော့ မှတ်ပုံတင်က လိုလာပြီ။ ကျွန်မတို့ နေတဲ့ နေရာမှာ ကလည်း လေးမျဉ်းစောင်း( ၄ /) ဆိုတော့ သူတို့ လုပ်ပေးလို့ မရဘူး။ မင်းတပ်ကိုပဲ ပြန်လုပ်ရမယ် ပြောနေတယ်  '' ဟု မင်းတပ်မှ စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောသည်။

မှတ်ပုံတင် မရှိဘဲ ထောက်ခံစာဖြင့် တည်းခိုမည့် သူများ၊ ခရီးသွားသည့် သူများကို ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ စတင်ပြီး ခွင့်ပြုတော့မည် မဟုတ်ကြောင်း စစ်ကောင်စီ အာဘော် သတင်းစာများတွင် ကြေညာထားပြီး အကယ်၍ ထောက်ခံစာဖြင့် ခရီး သွားလာနေသည်ကို တွေ့ရှိပါက မည်သို့ အရေးယူမည်ကိုမှု တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပေ။

''အခု ချိန်မှာ မင်းတပ်ကိုပြန်ပြီး မှတ်ပုံတင်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲ နေတယ်။ ကြောက်တာလည်း ပါတာပေါ့နော်။ အရင်က မှတ်ပုံတင် ပျောက်ဆုံး လျှောက်ရင် ရာအိမ်မှူး လက်မှတ် ထိုးပြီးရင် ရပ်ကွက်ရုံးမှာ ဥက္ကဌ လက်မှတ် ထိုးရတယ်။ အဲဒါ ယူပြီးရင် ရဲစခန်းမှာ ပျောက်ဆုံးကြောင်း တစ်ခါ လျှောက်လွှာ ယူရတယ်။

သန်ခေါင်စာရင်း မိတ္တူနဲ့ အတူ ရုံးမှာ သွားလျှောက်ရတာ။ အခုတော့ ထွေအုပ်ရုံးနဲ့  ရဲစခန်းမှာ  လျှောက်ပြီးတော့ ပန်းခင်းစီမံကိန်းနဲ့ လုပ်လို့ ရတယ် ဆိုပေမယ့် စစ်ရှောင်တွေ အနေနဲ့ မသွားရဲကြဘူး “ ဟု ကျောက်ထု စစ်ရှောင်စခန်းမှ  စစ်ဘေးရှောင် တစ်ဦးက ဆိုသည်။

မှတ်ပုံတင် ပျောက်ဆုံး ပျက်စီးသူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက် ပေးနေသည့် အတွက် သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားနိုင်ပြီး ပျောက်ဆုံး ပျက်စီး မိတ္တူ လျှောက်ထားပါက ၁၀ ကျပ်သာ ပေးသွင်းရမည် ဖြစ်ကြောင်း  စစ်ကောင်စီက ဆိုထားသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...